ကိုဗစ် ကာကွယ်ဆေးထိုးပြီးရင်တောင် Mask ဆက်တပ်ဖို့ လိုတဲ့အကြောင်းရင်း (၅)ချက်

ဇန်နဝါရီ ၂၇ မှာစတင်ကာထိုးပေးတော့မှာဖြစ်တဲ့ကိုဗစ်ကာကွယ်ကာကွယ်ဆေးနှင့်ဆေးထိုးပြီးရင်တောင်Maskဆက်တပ်ဖို့လိုတဲ့အကြောင်းရင်း(၅)ချက်

ယနေ့အချိန်တွင်ကမ္ဘာပေါ်မှာကိုဗစ်ပိုးကူးစက်ခံနေရသူ ၉၈ သန်းနီးပါးရှိနေပြီး သေဆုံးသူ ၂.၁ သန်းကျော် သေဆုံးသည်အထိ ဖြစ်စေသည့်ရောဂါဖြစ်သဖြင့် မပေါ့ဆစေလိုပါ


ကမ္ဘာ့နိုင်ငံ/ဒေသ ၁၉၂ တွင်ဖြစ်ပွားနေပါသည်။ သေဆုံးသည့်လူတစ်ယောက်ချင်းစီတွင်ကျန်ရစ်ခဲ့ရသည့် မိသားစုဝင်များ၏ဝမ်းနည်းနာကျင်ပူဆွေးစိတ်သောကရောက်ရမှုများစွာ မရေတွက်နိုင်ပါ။ မည်သူမျှယခုလိုအဖြစ်ဆိုးနှင့်မကြုံဆုံလိုပါ။

ဒါ့ကြောင့်ကိုဗစ်ကာကွယ်ရေးနည်းလမ်းစည်းကမ်းများကို ကိုယ်တိုင်လည်းလိုက်နာပါ။ မိသားစုဝင် ဆွေမျိုး အသိမိတ်ဆွေများကိုလည်းလိုက်နာအောင် အသိပေးသတိပေးကြပါ။ ဒါဆိုကျွန်မတို့တွေကိုဗစ်အန္တရာယ်မှရှောင်ရှားနိုင်မှာပါ။

ယခုဆိုလျှင် မြန်မာပြည်ကိုကာကွယ်ဆေးလဲ ၂၂/၁/၂၀၂၁ က ရောက်ရှိခဲ့ပြီး ဇန်နဝါရီ ၂၇ မှစတင်ပြီး ကျန်းမာရေးဝန်ထမ်းများကို ထိုးနှံပေးတော့မှာဖြစ်ပါသည်ပြီးလျှင် တစ်ဆင့်ပြီးတစ်ဆင့် ဖြစ်ပွားကူးစက်များသောအုပ်စုတွေကိုထိုးနှံပေးမှာဖြစ်တဲ့အတွက်

ကာကွယ်ဆေးထိုးပြီးနောက် စည်းကမ်းများကိုဘာ့ကြောင့်ဆက်လက်လိုက်နာရန် လိုအပ်ကြောင်းကို အပိုင်း ၁ အဖြစ်တင်ဆက်လိုက်ပါတယ်။

ကာကွယ်ဆေးထိုးပြီးရင်တောင် Mask ဆက်တပ်ဖို့လိုတဲ့အကြောင်းရင်း ၅ ချက်

အပိုင်း (၁)

ကာကွယ်ဆေးများသည် အထူးအစွမ်းထက်ပါသည် သို့သော် ကာကွယ်ဆေးထိုးနှံပြီးသည်နှင့် Mask တပ်စရာမလိုတော့ဘူးဟု မထင်ပါနှင့်

ကာကွယ်ဆေးနှင့်ပတ်သက်၍ herd immunity အစုလိုက်ကိုယ်ခံအားရရှိနိုင်သည့်အချိန်အထိ mask တပ်ခြင်း လက်ဆေးခြင်း လူအုပ်စုရှောင်ခြင်း ကို ဆက်လက်လုပ်ဆောင်နေရအုံးမည်ဖြစ်ပါသည်

ဘာလို့ပါလဲ? ဒီလိုအကြောင်းတွေကြောင့်ဖြစ်ပါသည်



၁။ကာကွယ်ဆေးမှန်သမျှသည် 100% မကာကွယ်နိုင်ပါ

Pfizer/BioNTech ကာကွယ်ဆေးနှင့် Moderna ကာကွယ်ဆေးသည် ကိုဗစ်ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားစေနိုင်သော နာမကျန်းမှုများကို 95% ကာကွယ်နိုင်ပါသည် အဆိုပါရလဒ်သည်ကောင်းမွန်သော်လည်း ကာကွယ်ဆေးထိုးသူ ၂၀ တွင် တစ်ယောက်သည် ကာကွယ်မှု မရနိုင်ပါ ကာကွယ်ဆေးစမ်းသပ်သည့် clinical trials အဆင့်များကို လုပ်ဆောင်ရာတွင်လည်း ထိပ်တန်း ဆေးရုံ/ဆေးကုဌာနများတွင် လုပ်ဆောင်ခဲ့ပြီး စိတ်ချရသောအခြေအနေဖြစ်အောင် အထူးပြုလုပ်ထားပါသည်

သို့ရာတွင် လက်တွေ့ပြင်ပအခြေအနေတွင် ကာကွယ်ဆေး၏ထိရောက်မှု အနည်းငယ်လျော့နိုင်ပါသည် စမ်းသပ်မှုတွင် ကာကွယ်ဆေး၏ ထိရောက်မှုကို efficacy ဟုသုံးစွဲပြီး ပြည်သူလူထုအတွင်းထိုးနှံရာမှ အမှန်တကယ် အာနိသင်ထက်မြက်မှုကို effectiveness ဟု ခေါ်ပါသည်

ကာကွယ်ဆေး၏ ထိရောက်မှုသည် အကြောင်းအရာများစွာပေါ်မူတည်နေပါသည် ကာကွယ်ဆေးသိုလှောင်ဖြန်ဖြူးထိုးနှံသည့်အဆင့်တိုင်းအပေါ် မူတည်နေပါသည်

Pfizer နှင့် Moderna ကာကွယ်ဆေးကဲ့သို့ အအေးထိန်းစနစ်အထူးလိုသော mRNA ကာကွယ်ဆေးများဆိုလျှင် ကာကွယ်ဆေးတွင်ပါဝင်သော genetic material သည်အလွန်ပျက်စီးလွယ်သဖြင့် အထူးဂရုစိုက် သိုလှောင်ရန် သယ်ပို့ရန် လိုအပ်ပါသည် ဗိုင်းရပ်ပိုးဗီဇပြောင်းခြင်းကလည်း ကာကွယ်ဆေး၏ အာနိသင်ထက်မြက်မှုကို တနည်းတဖုံ အကျိုးသက်ရောက်နိုင်ပါသေးသည်


၂။ကာကွယ်ဆေးထိုးပြီးနောက်ချက်ချင်းကာကွယ်မှုမရနိုင်ပါ

ကာကွယ်ဆေးသည် ခုထိုး ခုချက်ချင်းကာကွယ်မှု မရပါ ကာကွယ်ဆေးထိုးပြီးနောက် ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်က ရောဂါကို ခုခံနိုင်ဖို့ Antibody ထုတ်ဖို့အချိန် နှစ်ပတ်လိုအပ်ပါသည် ဒါမှသာ ဗိုင်းရပ်စ်ပိုးဝင်လာလျှင် အဆင်သင့် block တားဆီးနိုင်မည် ဖြစ်ပါသည်

(မှတ်ချက်…ဒါ့ကြောင့်ကာကွယ်ဆေးထိုးပြီးလဲ နှစ်ပတ်အတွင်း ကာကွယ်နိုင်မှုမရသေးသည့်အတွက်ရောဂါကူးစက်နိုင်ပါသည် ဒီအချက်အပေါ်အခြေပြု၍ တချို့သောအဖျက်အမှောင့်သမားများက ကာကွယ်ဆေးထိုးပြီး ရောဂါပိုးကူးစက်ခံရသည်ဟု မမှန်သတင်းလွှင့်ခြင်းဖြစ်တတ်ပါသည် ဆင်ခြင်နိုင်ရန် ရှင်းပြခြင်းဖြစ်ပါသည်)

ကာကွယ်ဆေးများထဲတွင်မှ ကိုဗစ်ကာကွယ်ဆေးသည် တုပ်ကွေးကာကွယ်ဆေးနှင့်နှိုင်းစာလျှင် ကာကွယ်နိုင်မှုရဖို့ ပိုမိုအချိန်ယူရပါသည် Pfizer ကာကွယ်ဆေးသည် ၁၆ နှစ်အထက်သာထိုးနှံသင့်ပြီး ၃ ပတ်ခြားနှစ်ကြိမ်ထိုးရမည်ဖြစ်သလို Moderna ကာကွယ်ဆေးသည် ၁၈ နှစ်အထက်သာထိုးသင့်ပြီး ၄ ပတ်ခြား နှစ်ကြိမ်ထိုးရသည်ကို ကြည့်လျှင်သိနိုင်ပါသည်

တနည်းပြောရလျှင် ကာကွယ်မှုအပြည့်နီးပါးရဖို့ ပထမအကြိမ်ထိုးပြီးနောက် ၅-၆ ပတ်ကြာသည်ဟူသော အဓိပ္ပါယ်ပင်ဖြစ်ပါသည် ဒါ့ကြောင့် New year မှာ ကာကွယ်ဆေးစတင်ထိုးသူသည် Valentine’s Day မရောက်ခင်အတွင်း အပြည့်အဝ ကာကွယ်မှု မရနိုင်ပါ

(မှတ်ချက်…ကျွန်မတို့မြန်မာနိုင်ငံကို ရောက်ရှိနေသောကာကွယ်ဆေးသည် Oxford/AstraZeneca ကာကွယ်ဆေးကို မူပိုင်ခွင့်ယူထားသော စက်ရုံ ၃၀ ထဲအနက် အိန္ဒိယ ဆေးကုမ္ပဏီမှ Covishield အမည်ဖြင့် ထုတ်လုပ်ထားသော ကာကွယ်ဆေးဖြစ်ပြီး စိတ်ချရသောကာကွယ်ဆေးဖြစ်ကြောင်း သိစေအပ်ပါသည်)

ကျန်အချက် ၃ ချက်ကို အပိုင်း ၂ အဖြစ်ဆက်လက်ရေးပါမည် စောင့်မျှော်ဖတ်ရှုပါရန်


ဒေါက်တာခင်ခင်ကြီး