အိမ်ရှင်ထီး အိမ်ရှင်မတွေ မသိသေးတဲ့ “ထမင်းချက်ခြင်းဆိုင်ရာ လျှို့ဝှက်ချက်များ”

“ထမင်းချက်ခြင်းဆိုင်ရာ လျှိုု့ဝှက်ချက်များ”

အိမ်ရှင်မ / အိမ်ရှင်ထီး များအတွက် အသုံးဝင်မဲ့ လက်တွေ့အသုံးချနိုင်တဲ့ ဗဟုသုတပါ။

အိမ်ရှင်မ/ထီး များ အတွက် ထမင်းချက်ရာတွင် အရသာသာ မက ကျန်းမာရေး အဟာရဓါတ်တွေပါ မဆုံးရှုံး စေမည့်

နည်းလမ်းလဲ လွယ်ကူစေမည့် ထမင်းချက်ခြင်း ၏ လျှို့ဝှက်ချက်များကို စုစည်း ဖော်ပြ ပေးလိုက်ပါသည်။

၁။ ရှာလကာရည် – ထမင်းချက်ရာတွင် ရှာလကာရည် တစ်စက် နှစ်စက် ထည့်ပေးရုံဖြင့် ထမင်းရဲ့ အနံ့အရသာကို ပိုမိုထင်ပေါ် မွှေးပျံ့စေသည့် အပြင်

ရာသီဥတုအလွန်ပူပြင်း၍ ထမင်းသိုးခြင်း ကို ကာကွယ် ပေးနိုင်ပါတယ်။

၂။ ဘီယာ – ဆန်ဟောင်းများ အထားကြာသွားပြီး ချက်ပြုတ်ရာမှာ အနံ့ အရသာက ဆန်သစ်လောက် မကောင်းတဲ့ အချိန်မှာ စိတ်ပူစရာ မလိုပါဘူး။

ဆန်ဟောင်း ချက်ချိန်မှာ ဘီယာ အနည်းငယ်သာ ထည့်ပေးလိုက်ပါ။ ပေါ်ဆန်းမွှေး ပမာ မွှေးပျံ့တဲ့ ထမင်းကို ရရှိမှာ ဖြစ်ပါတယ်။

၃။ မြေပဲဆီ – ထမင်းချက်ရာမှာ ဆားအနည်းငယ်နဲ့ မြေပဲဆီ အနည်းငယ် ထည့်ပြီး မွှေပေးလိုက်ပါ။

ဆန်ဖွာခြင်း မရှိပဲ ခံတွင်းကို တွေ့စေမဲ့ ထမင်း ရရှိမှာပါ။

၄။ဆား – လက်ကျန်ထမင်းကို ပြန်နွေးရာတွင် ဆားအနည်းငယ် ထည့်ပေးခြင်း အားဖြင့် အနံ့ဆိုးများကို ပျောက်စေမည့် အပြင် ထမင်းကိုလည်း နူးညံ့စေမှာ ဖြစ်ပါတယ်။


၅။ ဆန်အရက်၊ အရက်ဖြူ – ထမင်းကြော်ရာတွင် အရက် သုံးလေးစက် အနည်းငယ် ထည့်ကြော်ပေးပါက နတ်သုဒ္ဓါပမာ ထမင်းအရသာကို ရရှိစေမှာ ဖြစ်ပါတယ်။

အကယ်၍ ထမင်းကျက်တဝက် မကျက်တဝက် အခြေနေမျိုးနဲ့ တွေ့ကြုံနေပါက ဆန်အရက် ဇွန်း ၂ ဇွန်းစာ ထည့်ပြီး နွေးပေးခြင်းဖြင့် ထမင်းကို လုံးဝ ကျက်စေမှာ ဖြစ်ပါတယ်။

၆။ ရေကျက်အေး – ထမင်းချက်ရာတွင် ရေကျက်အေးဖြင့် ချက်ပေးပါက ဆန်မှာပါဝင်တဲ့ ဗီတာမင် B1 ဓါတ်ကို အပြည့်အဝ ရရှိစေမှာ ဖြစ်ပါတယ်။

၇။ ကြက်သွန်မြိတ် – ထမင်းတူးသွားပါက ထမင်းကြားထဲကို ကြက်သွန်မြိတ် တစ်ပင်ကို ထည့်ပြီး ခဏဖုံးအုပ် ထားပေးလိုက်ပါ။

တူးနံ့များ ယူပစ်သလို ပျောက်သွား စေမှာဖြစ်ပါတယ်။

၈။ လက်ဖက်ရည်ကြမ်း – ရေနွေးကြမ်းကို ထမင်းချက်ရာမှာ ထည့်ပြီး သာမာန်အတိုင်း ထမင်းချက်ပါ။

ရရှိလာတဲ့ ထမင်းက အနံ့အရသာကို ပြည့်စုံစေယုံသာမက အဟာရလည်း အလွန် ဖြစ်စေပါတယ်။


၉။ သံလွင်ဆီ – ထမင်းချက်ရာတွင် သံလွင်ဆီ အနည်းငယ် ထည့်ပေးပါက ဆန်ထဲရှိ သကြားဓါတ် တိုးမြင့်မှု့ကို ထိန်းချုပ် နိုင်စေသည့်အပြင် အစာအိမ်ကိုလည်း ဥပါဒ်မဖြစ်စေပါဘူး။

ဆီးချို သမားများ အတွက် အထူးသင့်တော်ပါတယ်။

မိတ်ဆွေများအားလုံး အရသာပြည့်ဝတဲ့ မိသားစု ထမင်းဝိုင်းလေး ဖြစ်ကြပါစေ။

Credit- ပညာရေးနှင့်အထွေထွေဗဟုသုတ