နွားကို အမဲသားလို့ ခေါ်ရတဲ့ အကြောင်းအရင်း

အသားစားသတ္တဝါထဲတွင် သရဲ သဘ္ဘက် ဘီလူး ကျား ခြင်္သေ့ နှင့် တခြားသောမကောင်းဆိုးဝါးများမှာ အသားထဲ၌ နွားသားကိုသာအကြိုက်ဆုံးဖြစ်ည်။နွားသား၏ အနံ့မှာလဲအညှီဆုံးဖြစ်သလို နွားသားစားခြင်းကြောင့်လည်း သွေးသားအားကောင်းခြင်းဖြစ်စေသည်။



ကြက်သေတော့ကြက်သား ဝက်သေတော့ဝက်သားလို့ခေါ်ကြသည်မှာအမှန်တိုင်းပင်ဖြစ်သော်လည်း နွားသေတဲ့အသားကျတော့ အမဲသားဟူ၍ခေါ်ဝေါ်ခြင်းမှာ ထူးဆန်းလှသည်ဖြစ်သည့်အပြင် ဘာကြောင့်အဲဒီလိုခေါ်ဝေါ်ခြင်းကို မသိသူကများပါသည်
အမဲသားဟုခေါ်ဝေါ်ခြင်းမှာ မကောင်းသောအမှောင်လောကသားတို့သာကြိုက်နှစ်သက်ကြသည် စားကြသည် မက်မောကြသည်ဖြစ်၍ သာမှန်လူသားသားတို့အနေနဲ့ ဖြူစင်သန့်ရှင်းသောအသားမဟုတ်ပါကြောင်းကိုဆိုသည်


မသန့်ရှင်းဟုဆိုသည်မှာ ရွံစရာကောင်းအောင်ညစ်ပတ်နေတာကိုပြောသည်မဟုတ်ပါ အကုသိုလ်တွေဖုံးလွှမ်းပေကျံနေသောကြောင့် မကောင်းဆိုးဝါးများသာနှစ်သက်သောကြောင့် မသန့်ရှင်းမဖြူစင်ဘူးဟုဆိုပါသည်



အမှောင်လောကသားတို့ ပရလောကသားတို့ ကုသိုလ်နှစ်အကုသိုလ်ကို မသိနားမလည် မခွဲခြားတတ်သောမလုပ်နိုင်သောသူတို့သာ စားမက်ဖွယ်ရာဟုသတ်မှတ်ထားသော အသားဖြစ်၍ အမဲသားဟုခေါ်ဝေါ်ကြသည်

ထို့သို့ အမဲသားကိုကြိုက်နှစ်က်သောစားသောက်ကြသော သာမှန်လူသားတို့၌တွင် ထိုသူတို့၏.ခန္တာတွင်လည်း အင်မတန်ညစ်နွမ်းခြင်း အနံ့သက်အညှီနံများ စွဲနေလေ၏ မိမိကိုယ်မိမိမသိသော်လည်းအထက်မှာဖော်ပြထားသည့် အမဲသားကိုမက်မောနှစ်သက်စွာ ကြိုက်နှစ်သက်သည့် ပရလောကသားများ ကျားရဲတိရိစ္ဆာန်များ အစိမ်းသေ သရဲ သဘ္ဘက် ဘီလူးများမှ ထိုအသား၏အနံ့ကို ယဉ်ပါးနေပြီဖြစ်၍ထိုအသားကိုစားသောက်ထားသည့်သာမန်လူသားများကို အလွယ်တကူသိရှိကြ၏ အလွယ်တကူအနံ့ရ၏။



ထိုအနံ့ရရှိသောလူသားတို့ကိုလည်း ထိုမိစ္ဆာတို့က အမဲသားကိုကြိုက်နှစ်သက်မက်မောသလို ထိုအသားစားထားသောလူသားတို့ကိုလည်း မက်မောကြ၏ကြိုက်နှစ်သက်ကြ၏ သူတို့၏အကြိုက်ဆုံးအနံ့အစားသောက်သည် မည့်သည့်လူ.မည့်သည့်နေရာ၌ရှိသည်ကိုအလွယ်တကူသိကြ၏



ထိုအသားကိုစားသုံးသောလူသားတို့၌လည်း ထိုမိစ္ဆာအပေါင်းက လွယ်စွာတိုက်ခိုက်ဖြတ်စည်းနိုင်၏ထိုအသားကိုစားသုံးသောသူတို့မှာလည်း ကံနုပ် ဉာဏ်နိမ့်၏ ထိုကြောင့်ပင် ဤနွားသားခေါ် အမဲသားကိုသူတော်ကောင်းတို့လောကီပညာရှင်တို့ တရားအားထုတ်သော အရိယာသူတော်စင် ပုဂ္ဂိုလ်တို့ကရှောင်ကျဉ်၍ မစားကြပေအာဆိပ်လျှာဆိပ် ညံ့သည် ဩဇာအာဏာစက်ညံ့သည် ပြောဆိုသမျှကြံစည်သမျှ ပျက်စီးစေတတ်သည် လာဘ်ပိတ်တတ်သည်


ထိုကြောင့်ဖြစ်ပါ၍ သူတော်ကောင်းများအနေဖြင့်မစားကြပါနဲ့လို့ပြောဆိုအမိန့်ပေးခွင့် ပိတ်ပင်တားစီးခွင့်မရှိပါသောကြောင့် မိမိ၏ကိုယ်ပိုင်အသိဉာဏ်လေးဖြင့် ဆင်ခြင်သုံးသပ်၍ သတိတရားများရှိကြပါစေ။


မူရင်းရေးသားသူ အား လေးစားစွာဖြင့် Credit ပေးပါသည်။