
မနက်က ရွှေတိဂုံ ဘုရားအနီး ကြက်သီးထဖွယ်မြင်ကွင်းတစ်ခု
” ချယ်ရီပန်းတွေ ပွင့်မယ့် အစား …….”
မနက်ကရွှေတိဂုံ ဘုရားအနီး မှာတက္ကစီ တစ်စီးပျက်သွားတော့ လမ်းတွေ ပိတ်တာပေါ့….ပျက်သွားတဲ့ တက္ကစီ ကို ယာဥ်မောင်းက တစ်ယောက်တည်း တွန်းတယ်…..ကုန်းတက်ကြီး ဆိုတော့ ဘဘယ်အဆင်ပြေပါ့မလဲ ……..အနီးမှာရှိတဲ့ ယာဥ်ထိန်းရဲက ပြေးလာပြီ ကူတွန်းတယ်……..
ထင်သလောက် မတွန်းနိုင်ဘူး……..အဲဒီမှာ လက်တစ်ဖက် မရှိတဲ့ သတင်းစာ ရောင်းသည် က ပြေးလာပြီ ကူတွန်းတယ်……….တစ်ဆက်တည်း ပန်းသည် ရယ် ၊ ကွမ်းယာသည် ရယ်ကပါ ဝိုင်းတွန်းတော့ နောက်ဆုံး ပျက်နေတဲ့ တက္ကစီ
ကုန်းပေါ် ရောက်သွားတော့တယ်……လမ်းပိတ်နေတာကလည်း ရှင်းသွားတယ်…….
ကိုယ်လည်း ဖုန်း အမြန် ထုတ်ပြီးမှတ်တမ်းတင် လိုက်တယ်…..ကားကို ဝိုင်းတွန်းတဲ့တစ်ဦးတစ်ယောက်ချင်းစီ ကို လေးစားတယ်…….တကယ်တော့ သူတို့ နဲ့ မဆိုင်သလို နေလို့ရတာပေါ့…………ဒါပေမဲ့ ……….
ကိုယ်စီ အသိစိတ် နဲ့ ပြေးလာပြီး တစ်ယောက်တစ်ဖက် တစ်ယောက်တစ်လက် နဲ့ ဝိုင်းကူညီတော့ နောက်ဆုံး ကားပိတ်တာကြီးကို ဖြေရှင်းသွားနိုင် တယ်…..အခု မြန်မာပြည်မှာ ဖြစ်နေတဲ့ ပြသနာတွေဟာ ကျွန်တော် တို့ အတူတူ မရှိဘူးကြသေးလို့ပါကျွန်တော်တို့ အတူတူး မတွန်းရသေးလို့ပါကျွန်တော်တို့ အတူတူ လက်ဆွဲမနှုတ်ဆက်ရသေးလို့ပါ
လာပါ လက်သီးဆုပ်တွေ ဖြည်ပြီး လက်ဆွဲနှုတ်ဆက်ပြီးကျွန်တော် တို့ အတူတူ………………..ကုန်းပေါ် တက်မယ်လေ……….
ကျွန်တော်တို့ လက်တွေ စုပြီး ကဗျာ တစ်ပုဒ် ချရေးမယ်……..
ကြိုက်တဲ့ ခေါင်းစဥ် တပ် ငြိမ်းချမ်းရေး အကြောင်းတွေ ပါ ပါစေ…….စာလုံးပေါင်း တွေ မှား လည်းရတယ် ဂျိုးဖြူငှက်တွေ အကြောင်း တော့ပါ ပါစေ……ဒီမှာ ရှမ်းကြီးမရှက် နဲ့ ခင်ဗျားက အစ်ကိုကြီးဆိုကျုပ်က ညီငယ်လေး…….ပန်းတွေ လွတ်လွတ်လပ်လပ် ပွင့်ပါစေ……..
ကချင်ကြီးရယ်…..ဟာခါဘိုရာဇီ တောင်တန်းကြီး ပိုလှတာပေါ့…..တို့ တိုင်းရင်းသားတွေ ဘယ်သူပဲ ဗိုလ်လုပ်လုပ်သေနတ် မပါကြေး………နော် ဟိုး….မှာ တွေ့လား တက္ကစီ ဆရာ အပါအဝင် ယာဥ်ထိန်းရဲကြီးရယ်၊ လက်တစ်ဖက်ပဲ ရှိတဲ့ သတင်းစာရောင်းသည်ကြီးရယ်၊ ပန်းသည်ကြီးရယ်၊ ကွမ်းရောင်းတဲ့ ညီလေးရယ်ကကုန်းပေါ်က လက်ပြနေပြီ……..
ပြည်တွင်းစစ်တွေ ရပ်ဆဲပြီး ငြိမ်းချမ်းရေး တောင်ပေါ် ကို ကျုပ်တို့ ပြေးတက်ရ အောင်ဗျာ……
ဆောင်းတွင်းမို့ အေး တယ်တဲ့ လား ရခိုင်ကြီးရေ…..
ဒါဆို ကျောပိုးထား…….ကျုပ်တို့ ပြေးတက် တော့မယ်နော်…
ချယ်ရီ ပန်းတွေ………….အစား သပြေပန်းတွေ ပွင့်နေပြီ…………….တဲ့ဒီလမ်း ဘယ်လောက် ကြမ်းကြမ်း ကျုပ်တို့ ရအောင် တက်မယ်ဗျာ……
အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
မင်းရသ (25.1.2021)