ဆုံးသွားတဲ့ သူငယ်ချင်းက အိပ်မက်လာပေးတဲ့ အကြောင်း ပြောပြလာတဲ့ ချမ်းမီမီကို

စည်းစိမ်ဥစ္စာကြွယ်ဝခြင်း ပညာရှိခြင်းပြည့်စုံတဲ့ ပြောစရာမလိုအောင် ပြီးပြည့်စုံတဲ့ သူငယ်ချင်းတစ်ယောက် အကြောင်းလေးပါ။သူရောဂါဖြင့် ဆုံးပါးသွားခဲ့ပါပြီ ။အသက်ရှင်တုန်းကတော့ အားလုံးဟာပျော်ပျော်ပါးပါး ဆုံဖြစ်ခဲ့ကြပါသေးတယ်။


သိပ်ခင်မင်ရင်းနှီးရတဲ့ အချစ်ဆုံး သူငယ်ချင်းကြီးပေါ့ တစ်နေ့ မိမိကို အိမ်မက်လာပေးတယ် ချမ်းမီရေ ငါ ပစ္စည်းတွေသယ်သွားတာ ငါဒီအတိုင်းကြည့်နေရတယ်တဲ့ ကျွန်မကိုအိမ်မက်ထဲလာပြောပြတယ် သူဘယ်မှာနေတာပါပြောသွားတယ် ကျွန်မလည်း ယုံတမ်းပုံပြင်လိုပဲ သဘောထားပြီး ဖုန်းဆက်မေးဖြစ်ခဲ့တယ်ရှင် သူ‌တကယ်သေသွားတာပါတဲ့ သူရဲ့လူယုံတစ်ဦးက ကျွန်မအား ဝမ်းနည်းစွာပြောပါတယ်



အမရယ် ပစ္စည်းတွေကတော့ လုကြတာ သူ့အမျိုးတွေ မပြောချင်ပါဘူးတဲ့ ဪ အချစ်ဆုံးသူငယ်ချင်းက ပြောပြသွားတဲ့ တရားလေး ငါဘာမှမယူသွားနိုင်ခဲ့ဘူးတဲ့ ကျွန်မလည်းဘယ်လိုကယ်ရမှန်းမသိ အသက်ရှင်တုန်းက ကိုယ်ယောကျာ်းကို အားဆေးဆို သူလည်းအားဆေး နေကောင်းအောင်အားရှိအောင်ဂရုစိုက်ပေးခဲ့တယ်



ကျွန်မ သူကို တရားထိုင်နော်ပြောတော့ လုပ်ပါတယ်တဲ့ မယုံသလိုလို စိတ်မှာပဲ ပြင်ဆင်နေသလို ပေါ့ပေါ့လေးပဲ ကိုယ်တောင်ပြန်ဆုံးမသေး နောက်ဆုံးဘဝအဆုံးသပ်လှအောင်သူဘယ်လို လုပ်မယ် စီးပွားရေးမှာဘယ်လိုလုပ်နော်နဲ့ စိတ်မကောင်းဖြစ်ရတယ်


ကဲနောက်ထပ်သူငယ်ချင်းတစ်ယောက် လည်းရုတ်တရက် ငယ်ငယ်ရွယ်ရွယ်နဲ့ဆုံးပါးပြန်ပါတယ် သူအမျိုးသမီး ကလေးတွေကျန်ခဲ့ပါတယ် မကျွတ်တာနဲ့ တတ်ကျွမ်းနားလည်တဲ့ ဆရာပင့် သူငယ်ချင်းက အကူအညီတောင်းပါတယ် ကိုယ်လည်း ဝိုင်းကူလုပ်ပေးရင်း သူငယ်ချင်းဝိညာဉ် ရုတ်တရက် ကိုယ်ရှေ့မှာပဲ အမျိုးသမီးတစ်ဦးဝင်စည်းရင်း ရေလေးတိုက်ပါဆိုပြီး တော်တော် သောက်သွားတယ် ပြီးတော့ ရုပ်နာမ်တရားလေး နာပါရစေတဲ့ သားသမီးစွဲမိလို့ပါတဲ့ အသက်ရှင်တုန်းအချိန်လေးမှာ စီးပွားရေး စီးပွားရေး ကြီးပွားရေး ကြီးပွားရေးနဲ့ ခုတော့ တရားနာချင်တယ်



ဘယ်လိုဉာဏ်နဲ့နာနေလည်း ကိုယ်လည်းအကဲခတ်နေမိတယ်ရှင့် ကျွန်မတို့ လူ့ခန္ဓာ လူ့ ဉာဏ်တောင် ခပ်တုန်းတုန်းရယ် သိတယ်ဟုတ် ဟောကြားတဲ့ဘဘ က ဝိပဿနာ တရားပြဆရာကြီး သေချာဟောပြပေးတယ် သူနာကြားနေပင်မဲ့ သမ်းဝေနေတယ် ကျွန်မဆက်ကြည့်နေလိုက်တယ် ဪ မကျွတ်တဲ့သူတို့ တိရိစ္ဆာန်တို့ဆိုတာ မောဟတော်တော်များပါလား သုံးသပ်မိခဲ့တယ် ဘဝဆိုတဲ့အချိန်တိုတိုလေး ခရီးတိုလေးမှာ အကျိုးရှိစွာ ယူသွားနိုင်ပါစေ ရည်ရွယ်လျက်