ဒေါက်တာဦးကျော်ကျော် အရေပြားအထူးကု ဆရာ၀န်ကြီး ရေးထားတဲ့ ရေချိုးခန်းထဲက လူသတ်သမား

ဒေါက်တာဦးကျော်ကျော် အရေပြားအထူးကု ဆရာ၀န်ကြီး ရေးထားတဲ့ ရေချိုးခန်းထဲက လူသတ်သမား


ဆပ်ပြာ… ခေါင်းလျှော်ရည်… သွားတိုက်ဆေး …စတာတွေမှာ
SLS ( Sodium Lauryl Sulphate) ဆိုတဲ့ ဓါတုပစ္စည်း ပါလေ့ရှိပါတယ်..SLS ဆိုတဲ့ သူ့အစွမ်းက အမြှုပ်တွေ တစီစီထွက်စေတဲ့အပြင် အဆီတွေကို သန့်စင်ပေးနိုင်တာပါဘဲ
SLS ဟာ အဆီ ကြေးညှော်တွေ သန့်စင်ရုံမက အရေပြားထဲက အဆီတွေကိုပါ တိုက်စားပစ်နိုင်တာမို့တကယ်တမ်းကျတော့ အမြှုပ်ထွက်တိုင်းမကောင်းပါဘူး.. သိပ် အန္တရာယ်ကြီးလှပါတယ်..



ဒါ့ပြင် အခန့်မသင့်ရင် အလာဂျီ ( Allergy) ဖြစ်တတ်ပါတယ်ဒီထက်ဆိုးတာက အမျိုးသမီးတွေဆိုရင် ရင်သားကင်ဆာ ဖြစ်နိုင်ပြီး အမျိုးသားဆိုရင်တော့ မျိုးမအောင်တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်ဒီ SLS က ခန္ဓာကိုယ်ထဲ ၀င်သွားပြီးရင် ပြန်မထွက်တော့ပါဘူး ဒါ့ကြောင့် SLS ကို ရေချိုးခန်းထဲက လူသတ်သမား လို့ ခေါ်ကြပါတယ်..



ဒ့ါကြောင့် အခုနောက်ပိုင်း ဆပ်ပြာသွားတိုက်ဆေးခေါင်းလျှော်ရည်.. အလှပြင်ပစ္စည်း စတာတွေမှာ SLS_Free ဆိုတဲ့အာမခံစာတမ်းကို သုံးစွဲသူတွေ အန္တရာယ်ကင်းကင်းနဲ့ စိတ်ချစွာ အသုံးပြု ၀ယ်ယူနိုင်စေဖို့ ရေးထည့်ထားပေးကြပါတယ်


မိမိသုံးမယ့် အသုံးအဆောင်ထဲက #SLS ဟာမိမိအတွက် ဘယ်ရွေ့ဘယ်မျှ အန္တရာယ်ရှိနေတယ်ဆိုတာ သိထားပြီးတဲ့နောက်
၀ယ်သုံးရတော့မယ်ဆိုရင် #SLS_Free ဆိုတဲ့ စာတမ်းလေးများ တွေ့လိုတွေ့ငြား သတိထားကြပါ