
– လက်ရှိ တကမ္ဘာလုံးမှာ လူဦးရေ သန်းပေါင်း ၇၈၀၀ ရှိပါတယ်။ ကာကွယ်ဆေး ထိုးပြီးသူပေါင်းက ၆၈ သန်းပဲ ရှိပါသေးတယ်။
– ကမ္ဘာပေါ်မှာ နိုင်ငံပေါင်း ၁၉၅ နိုင်ငံရှိပါတယ်။ ဆေးစထိုးနိုင်တာ ၅၆ နိုင်ငံပဲရှိပါသေးတယိ။
– တကယ့်ကို လူအနည်းစုလေးပဲ ထိုးနိုင်သေးတဲ့ဆေးကို ထိုင်း၊ မလေးရှားတို့လို နိုင်ငံတွေထက် စောပြီး ကျနော်တို့ ထိုးနိုင်ခဲ့ပါပြီ။ လူနည်းစုလေးထဲ ကျနော်တို့ပါဝင်ခဲ့ပါပြီ။
– မကြာခင် ပြည်သူတွေကိုပါ ထိုးပေးနိုင်တော့မှာပါ။ အမေစုက အလှူငွေတွေကော နိုင်ငံတော်ကပါ ငွေတွေပါပေါင်းပြီး ဘယ်လောက်ကုန်ကုန် နိုင်ငံတော်က စိုက်ပြီးထိုးပေးသွားမယ်လို့ ဆိုပါတယ်။ အမေစု ကျေးဇူးတွေက ကြီးမားလှပါတယ်။
– ကမ္ဘာပေါ်မှာ ဘယ်နေ့ထိုးပေးနိုင်မယ်လို့ တိတိကျကျ အာမခံနိုင်တဲ့နိုင်ငံ အတော်နည်းပါတယ်။ သန်းပေါင်းများစွာသော လူသားတွေဟာ ဘယ်နေ့မှ ဆေးထိုးရမယ် မသိကြပါဘူး။ ကျနော်တို့ကတော့ ပြည်သူတွေကို ဘယ်နေ့ ဆေးစထိုးပေးနိုင်မယ်ဆိုတာ ကြေညာနိုင်ခဲ့ပါပြီ။
– အမြဲတမ်း သူများနောက်မှာပဲ အောက်ကျနောက်ကျ ဖြစ်နေရတဲ့ မြန်မာနိုင်ငံဟာ အခုတော့ အိမ်နီးချင်းနိုင်ငံတွေက အားကျတဲ့မျက်စိနဲ့ ကြည့်ရှူခံရတဲ့၊ ချီးကျူးခံရတဲ့အနေအထားကို ရောက်လာပါပြီ။ ဂုဏ်ယူစရာ အချိန်အခါတခုပါပဲ။