ခို (သို့) ပျံသန်းနေတဲ့ ကြွက်။ ခိုကနေ ကူးစက်တတ်တဲ့ ကြောက်စရာ ရောဂါ (၄) မျိုး

ကလေးတယောက်ဟာ ရုတ်တရက်ကြီး ရေချိုးနောက်ကျရာက အပြင်းဖျား ဆေးရုံရောက်တယ်လေ.. အဲ့ကနေနောက်တရက်ပဲ ဆုံးသွားရှာတယ်.. နောက် သိလိုက်ရတာ ဦးနှောက်အမြှေးရောင်တာတဲ့ ဘာကြောင့်ဖြစ်မှန်းမသိ မိဘတွေမှာ.. ဇဝေဇဝါနဲ့ ရုတ်တရက်ဘာဖြစ်ပါလိမ့်ပေါ့..


ကလေးဆေးရုံက ဆရာဝန်ကြီးကမေးတယ် ခင်ဗျားတို့ အိမ်မှာ ငှက်တွေများမွေးသလား.. မမွေးပါဘူးပေါ့.. မိဘတွေကလည်း ဘာလို့လဲဆရာဆိုတော့ ကလေးမှာ ဘက်တီးရီးယားတွေ ကူးစက်ခံထားရတယ်.. အတွင်းကလီစာတွေလည်း ထိခိုက်ထားတယ် တဲ့.. နောက်မှ.. သူ့အဖေက စဉ်းစားမိတာ.. နေနေတဲ့ တိုက်ခန်းဝရံတာ မျက်နှာကြက်အမိုးအောက်မှာ ခိုတွေ.. ခိုတွေ.. အသိုက်ဖွဲ့နေကြတာ မြင်မကောင်းဘူး.. ခိုချေးတွေက လက်ရန်းဘောင်တွေမှာ နင်းကြမ်း.. နေလာတာ (၂) နှစ်ကျော်ပြီ..



ကလေးက ခနခန ခေါင်းကိုက်တယ်.. ဗိုက်နာတယ်ပြောပါတယ်.. မိဘတွေက ကျောင်းမတတ်ချင်လီု့ ဂဂျီဂဂျောင်လုပ်တယ်ထင်နေခဲ့တာလေ.. အခုတော့.. စိတ်မကောင်းဖြစ်မိသလို သတိပြုစေချင်လို့ အောက်ဖော်ပြပါ စာတွေကို ရှယ်ပေးလိုက်ရပါတယ်.. အားလုံးကျန်းမာချမ်းသာစွာဖြင့် လောကကောင်းကျိုး သယ်ပိုးနိုင်ကြပါစေ။


နေရာတကာမှာ အဆက်မပြတ်ဆိုသလို စွန့်ပစ်ချနေတဲ့ ခိုအုပ်ကြီးတွေရဲ့ အညစ်အကြေးတွေ အနံ့အသက် အမှုန်အမွှားတွေဟာ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါခံစားနေရသူတွေအတွက် အသက်အန္တရာယ်ဖြစ်စေပါတယ်။ ခိုလှေးတွေ၊ မွှားတွေဟာ လူတွေ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ လူတွေကို ကူးစက်စေပါတယ်။



အခြေခံအားဖြင့် ရောဂါဖြန့်ဖြူးရာ မူလပထမက ခိုချေးပဲဖြစ်ပါတယ်။ ရောဂါရှိတဲ့ ခိုရဲ့ ချေးထဲမှာ ဗိုင်းရပ်စ် ဒါမှမဟုတ် ဘက်တီးရီးယားတွေ ရှိနေပါတယ်။ အဲဒီခိုချေးတွေ ခြောက်သွေ့သွားတဲ့ အခါ ဖုန်မှုန့် အဖြစ်လေ နဲ့အတူ အရပ်ရှစ်မျက်နှာကို လွင့်တော့တာပါပဲ။ အဲဒါကို ရှုမိတဲ့ သူကတော့ ခိုကပေးတဲ့ ရောဂါရ ဖို့သေချာပါပြီ။ ယေဘုယျအားဖြင့် ခိုကနေ ကူးစက်တတ်တဲ့ ရောဂါ (၄) မျိုးရှိတယ်လို့ ဆိုတယ်။

၁။ ခရစ်ပ်တိုကွတ်ခယ် ဦးနှောက်အမြှေးယောင်ရောဂါ (Cryptococcal Meningitis) ခိုတွေသည်ဆောင်လာတတ်တဲ့ ရောဂါပိုးတွေကြောင့် ဖြစ်တဲ့ ရောဂါထဲမှာ အန္တရာယ်အရှိဆုံးလို့ဆိုနိုင်တဲ့ ဦးနှောက်အမြှေးယောင်ရောဂါကြောင့် ကာလအတန်ကြာသတိလစ်သွားနိုင်ပြီး အသက်ပြန်မလည်လာတော့ပဲ အသက်ဆုံးရှုံးမှူတွေထိ ဖြစ်နိုင်တဲ့ရောဂါ ဖြစ်ပါတယ်။



၂။ အူလမ်းကြောင်းမှာဖြစ်တဲ့ရောဂါပိုး နှစ်မျိုး (Salmonella and Listeria) ခံတွင်း သို့မဟုတ် အသက်ရှူလမ်းကြောင်းမှတဆင့် ဝင်သွားတဲ့ ခိုချေးတွေကြောင့် အူလမ်းကြောင်းမှာ တိုက်ဖွိုက် ကဲ့သို့ အူယောင်ငန်းဖျားရောဂါရောဂါ ဟာ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးငယ်တွေအတွက် အသက်အန္တရာယ် ထိခိုက်စေရုံမျှ မကပဲ ကိုယ်ဝန်ပျက်ကျခြင်း၊ လမစေ့မီ မွေးဖွားခြင်းတွေကိုလဲ ဖြစ်စေပါတယ်။


၃။ ဦးနှာက်မြှေးယောင်ရောဂါပိုး နောက်တမျိုး (Viral Encephalitis) အထက်ပါ ဗိုင်းရပ်ပိုးကြောင့်ဖြစ်တဲ့ ဦးနှောက် အမြှေးပါးရောင် ရောဂါ ကြောင့် ယာယီ အာရုံကြောနဲ့ပါတ်သက်တဲ့ ရောဂါဝေဒနာမှ နာတာရှည်ဖြစ်ပြီး အသက်ဆုံးရှုံးမှူတွေဖြစ်စေနိုင်ပါတယ်။

၄။ ဝမ်းပျက်ဝမ်းလျှောရောဂါပိုး (E.Coli) ဝမ်းပျက်ဝမ်းလျှောရောဂါပိုး (E. Coli) ဟာလဲ ခိုချေးထဲမှာ ပါလေ့ရှိပါတယ်။ ခိုတွေ အများကြီးရှိတတ်တဲ့ နေရာတွေမှာ ချက်ပြုပ်တာ မသန့်ရှင်းတာ၊ လက်ကိုစင်ကြယ်အောင် ဆပ်ပြာနဲ့ မဆေးကြောတာတွေ့ကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါပိုးတွေဟာ လူကို အလျင်အမြန်ကူးဆက်ပြီးဆိုးဝါးတဲ့ ရောဂါဝေဒနာကို ဖြစ်စေပါတယ်။


သင်နှင့် သူတပါး ကျန်းမာရေး ရှေ့ရှုပြီးချင့်ချိန် နေထိုင်နိုင်ပါစေ။ (ကိုကိုအောင်)