“ကျွန်တော်မသေချင်သေးဘူး ၊ ကြောက်တယ်”ဆိုပြီး မိဘတွေကိုကင်ဆာရောဂါကုပေးဖို့တောင်းဆိုနေတဲ့ ကလေးငယ်

တရုတ်နိုင်ငံမှာ နေထိုင်တဲ့အသက် 5နှစ်အရွယ်ကောင်လေးဟာ သူ၏ကင်ဆာရောဂါကုသပေးဖို့ ဖခင်ဖြစ်သူကိုတောင်းဆိုခဲ့ပါတယ် သူ၏ဖခင်ကလည်း သူ၏ရောဂါကုသစရိတ်အတွက် ငွေအလုံအလောက်မရှိတော့၍ အတော်လေးကိုဒုက္ခရောက်နေရကြောင်းသိရှိရပါတယ် ။

Wang Yan အမည်ရှိတဲ့ အဆိုပါ 5နှစ်အရွယ်ကောင်လေးဟာ leukemia ဆိုတဲ့သွေးကင်ဆာရောဂါကို ခံစားနေရတာ
ဖြစ်ပြီး ၊ ရောဂါကုသနေတာ 9လခန့်ရှိနေပြီဖြစ်ပေမဲ့လည်း ကျန်မာရေးအခြေအနေတိုးတက်ကောင်းမွန်လာခြင်းမျိုးတော့ မရှိပါဘူး ။


9လခန့် ကုသပြီးချိန်မှာတော့ ၎င်းတို့မိသားစု စုဆောင်းထားတဲ့ငွေ တပြားတစ်ချက်မှ မရှိတော့တဲ့အတွက် ၊ သားဖြစ်သူ၏ရောဂါကိုကုသပေးဖို့အဆင်မပြေတော့သဖြင့် ရင်နာနာဖြင့် သားဖြစ်သူကိုဆေးရုံမှခေါ်ဆင်းပြီး အိမ်သို့ခေါ်ပြန်ကာ သားဖြစ်သူသေဆုံးမည့်နေ့ရက်ကိုသာ စောင့်နေဖို့သာ ဆုံးဖြတ်ချက်ချခဲ့ရပါတယ် ။


Wang Yan ဟာ 2014 ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး ကျန်းမာသန်စွမ်းတဲ့ကလေးငယ်တစ်ယောက်ဖြစ်ခဲ့ပေမဲ့လည်း 2018 ခုနှစ်မှာ အပြင်းအထန်ဖျားပြီးနောက် ၊ ဆရာဝန်များစစ်ဆေးပေးခဲ့တဲ့အချိန်မှာတော့သွေးဖြူဆဲလ်တွေများလွန်းတဲ့သွေးကင်ဆာရောဂါမျိုး ခံစားနေရတာဖြစ်ကြောင်းရှာဖွေတွေ့ရှိသွားခဲ့ပါတယ် ။



အရိုးခြင်ဆီတွေထဲမှာလည်း သွေးဖြူဆဲလ်တွေ အများအပြားတိုးပွားလာလျက်ရှိကြောင်း သိရှိရပါတယ် ။Wang Yanရဲ့ကျန်းမာရေးအခြေအနေတိုးတက်ကောင်းမွန်လာခြင်းမရှိခဲ့တဲ့အတွက် သူ၏မိဘများကလည်း ကုသပေးဖို့ငွေများလုံးဝမရှိ
တော့တဲ့အချိန်မှာတော့ Wang Yan ရဲ့မိဘများက သူ့ကိုအိမ်သို့ခေါ်ပြန်ဖို့သာ ဆုံးဖြတ်ချက်ချခဲ့ကြပါတယ် ။


သို့ပေမဲ့လည်း Wang Yanဟာသူ၏ဘဝကို အရှုံးပေးလိုက်ဖို့ အဆင်သင့်မဖြစ်သေးခဲ့တဲ့အတွက် သူ၏အိပ်ယာကိုတွယ်ဖက်ကာ ရှိုက်ငိုရင်း ” ဖေဖေ ကျွန်တော့်ကိုကယ်ပါ ၊ ကျွန်တော်မသေချင်သေးဘူး ၊ ကျွန်တော်ကြောက်တယ် “ဆိုပြီး ဖခင်ကိုတောင်းဆိုခဲ့ပါတော့တယ် ။



ဆရာဝန်များကလည်း Wang Yan ကိုတခြားသောဆေးရုံသို့ လွဲပြောင်းပြီးကုသဖို့ မိဘများကိုအကြံပေးခဲ့ပြီး ကုန်ကျစရိတ်မှာ 1 million yuan (မြန်မာငွေ သိန်းနှစ်ထောင်ကျော်) ဝန်ကျင်အထက် ကုန်ကျမည်ဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ် ။ ထို့ကြောင့် Wang Yan ၏မိဘများကပြည်သူလူထုထံသို့အလှူငွေတောင်ခံပြီး အကူအညီတောင်းခံဖို့သာ ဆုံးဖြတ်ချက်ချခဲ့ကြပါတယ် ။


ကံကောင်းထောက်မစွာနဲ့ပဲ နာရီပိုင်းအတွင်းမှာပဲ တရုတ်ပြည်သူလူထုများက Wang Yan အတွက်ဆေးကုသစရိတ်အကုန်လုံးကိုကူညီထောက်ပံ့ပေးနိုင်ခဲ့ကြပါတယ် ။ လူအများ၏ ကြင်နာသနာမှုအပေါ် Wamg Yan ရဲ့မိဘများကအနှိုင်းအဆမရှိအောင်ကျေးဇူးတင်ခဲ့ကြပြီး ” လူ့အဖွဲ့အစည်းတွေက ကျွန်တော်တို့ကိုအတော်လေးကြင်နာပေးကြတယ် ၊ Wang Yan ကျန်းမာလာအောင်ကျွန်တော်တို့အသက်နိုင်ဆုံးကြိုးစား ကုသ သွားပါမယ် ” ဆိုပြီးပြောဆိုသွားခဲ့ပါတယ် ။


credit

Jasmine (Mckzone Daily)