ချန်ပီယံပြန်လည်စိန်ခေါ်နိုင်ဖို့ ဗစ်တာလီ ဘစ်ဒက်ရှ်နဲ့ ထိုးသတ်မယ့်နေ့ရက်ကို အသိပေးလာတဲ့ အောင်လအန်ဆန်း

အောင်လအန်ဆန်နှင့် ဘစ်ဒက်ရှ်တို့ လာမည့် ဧပြီလ ၂၁ ရက်တွင် တတိယ အကြိမ် ပြန်လည် ထိုးသတ်မည်
==================================================


ချန်ပီယံအောင်လအန်ဆန်နှင့် ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်တို့ လာမည့် ဧပြီလ ၂၁ ရက်တွင် တတိယ အကြိမ် ပြန်ထိုးသတ်ကြမည်ဖြစ်ကြောင်း One Chapionship က ယင်း၏လူမှုကွန်ရက်တွင် ထုတ်ပြန် ထားသည်။



One Chapionship က ယင်း၏လူမှုကွန်ရက်တွင် “HUGE NEWS “ONE on TNT” kicks off on April 7 with four weeks of STACKED events featuring Adriano Moraes vs. “Mighty Mouse” Johnson ၊ Eddie Alvarez vs. Iuri Lapicus ၊ Christian Lee vs. Timofey Nastyukhin ၊ Aung La Nsang(Burmese Python) vs. Vitaly Bigdash III ၊ and more” ဟု ထုတ်ပြန်ထားခြင်း ဖြစ်ပြီး ထိုးသတ်ကြမည့်နေရာကိုမူ ဖော်ပြထားခြင်း မရှိသေးပေ။



အောင်လအန်ဆန်အနေဖြင့် ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်နှင့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလက ပထမအကြိမ် စိန်ခေါ်ထိုးသတ်ခဲ့ရာ အမှတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီး၂၀၁၇ ခုနှစ် ဇွန်လတွင် ထပ်မံထိုးသတ်ရာ အမှတ်ဖြင့် အနိုင်ရပြီး ချန်ပီယံခါးပတ်ကို ပထမဆုံးအကြိမ် ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။



ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၃၀ ရက်က စင်ကာပူနိုင်ငံတွင် ကျင်းပသည့် Inside The Matrix ပြိုင်ပွဲအတွင်း အောင်လအန်ဆန် အနေဖြင့် မစ်ဒယ်ဝိတ်တန်းချန်ပီယံကာကွယ်ပွဲ ယှဉ်ပြိုင်ထိုး သတ်ရာ နယ်သာလန်နိုင်ငံသား ဒီရစ်ဒါအား ပထမအချီ၌ပင် ရှုံးနိမ့်ခဲ့ကာ မစ်ဒယ်ဝိတ်တန်းချန်ပီယံဆု ကို လက်လွှတ်ခဲ့ရသည်။


Credit – Pyi Myanmar