ကျွန်တော့်ညီမ ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးပြီးနောက်

ကာကွယ်ဆေးထိုးပြီး လက်ကမနာလို့ ကိုယ်ခံအားကဆေးကိုမတုန့်ပြန်ဘူးလားဆိုပြီး စိုးရိမ်နေတာ 😅😅

ထိုးပြီး ၉နာရီလောက်အကြာမှာ ထိုးတဲ့ လက်ကစကိုက်လာတယ်….နောက်တကိုယ်လုံး တုပ်ကွေးကွေးချင်သလို ညောင်းညာ ကိုက်ခဲလာတယ်…ချမ်းစိမ့်စိမ့်နဲ့မို့ တညလုံးစောင်ထဲကွေးနေရတယ်….အဖျားတိုင်းတော့ ၉၉ ပဲရှိတယ်… .Paracetamol သောက်လိုက်တော့ ကိုက်တာ နဲနဲသက်သာတယ်….


ကိုယ်လက်ကိုက်တဲ့ အရှိန်နဲ့ ညကတော့ကောင်းကောင်းအိပ်မပျော်ဘူး နှာခေါင်းပိတ်လို့ အစက်ချဆေးထည့်အိပ်တယ်…မနက်ကျ တော်တော်သက်သာသွားတယ်…ဆေးခန်းတောင်သွားထိုင်နိုင်ပြီ….


အာခေါင်လေးခြောက်လို့ ရေခနခန ထသောက်ရတာလေးတော့ရှိသေးတယ် ထိုးထားတဲ့နေရာကတော့ နာသေးတာပေါ့….ကာကွယ်ဆေးထိုးပြီးရင် ကိုယ်ခံအားတုန့်ပြန်မှုကြောင့် အနဲနဲ့ အများ ဖျားတာ ကိုက်ခဲတာဖြစ် တတ်ပါတယ်…ကလေးလေးတွေ ကာကွယ်ဆေးထိုးပြီး ဖျားတတ်ကြသလိုမျိုးပေါ့….တယောက်နဲ့ တယောက်တုံ့ပြန်မှုမတူသလို ဖြစ်တာချင်းလဲ နဲနဲတော့ကွဲနိုင်တယ်..တချို့က ခေါင်းမူးတယ် ခေါင်းကိုက်တယ် အန်တယ်…တချို့ကဝမ်းပျက်တယ်..


ရောဂါပိုးက ပြင်းတော့ ကာကွယ်ဆေးရဲ့ တုံ့ပြန်မှုကလဲ ရိုးရိုးတုပ်ကွေးကာကွယ်ဆေးထက်တော့ ပိုနိုင်ပါတယ်….မကြောက်ကြပါနဲ့….အများစုကတော့ ဖျားတာနာတာလောက်ပဲ ဖြစ်ပြီး ၃ ရက်တွင်းပြန်ပျောက်သွားပါမယ်….ကာကွယ်ဆေးဆိုးကျိုးတွေကို ကြောက်ပြီးဆေးမထိုးတာမျိုးလုံဝမဖြစ်သင့်ပါဘူး….ပိုးကူးခံရရင်ဖြစ်မဲ့ ရောဂါတွေက ဒီထက်အဆများစွာပိုပါတယ်..


နောက်ဆုံး အသက်ပါဆုံးရှုံးနိုင်တဲ့ ရောဂါပိုးမို့ ဆေးထိုးဖို့ ထိုက်တန်ပါတယ်..အားလုံးကာကွယ်ဆေးထိုးပြီး COVID ကြီးကိုကာကွယ် ရအောင်….ကျန်းမာရေးဝန်ထမ်းတွေ ကာကွယ်ဆေးအရင်ထိုးပေးတာ အရမ်းအဆင်ပြေပါတယ်..ဖြစ်လာသမျှလဲ ကိုယ့်ဟာကိုယ်ကုနိုင်တယ်…


ကိုယ်တွေအတွေ့ကြုံအရ ဘာတွေလုပ်သင့်တယ် share ပေးနိုင်တယ်..အဲတော့ ဆေးထိုးမဲ့သူတွေကို မှာချင်တာလေးတွေ ပြောပေး မယ်နော်




ဆေးမထိုးခင်….

၁) ဆေးမထိုးခင် အိပ်ရေးဝဝ အိပ်ပါ

၂) ကိုယ်ခံအားတက်မဲ့ အစားတွေများများစားထားပါ

၃) ထိုးမဲ့နေ့မှာ သောက်ဖို့ အကိုက်အခဲပျောက်ဆေး ဆောင်ထားပါ




(ဖြစ်မှာစိုးလို့ ကြိုသောက်ထားတာမျိုးမလုပ်သင့်ပါ….ကိုယ်ခံအားတုန့်ပြန်မှုကို တားဆီးပြီး ဆေးအာနိသင် လျှော့ကျစေသည်ဟု တချို့ study တွေက ဆိုထားကြလို့ပါ)

၄) ဆေးထိုးပြီး ကိုယ်လက်ကိုက်ခဲမှုဖြစ်နိုင်ပါသဖြင့် လုပ်စရာအလုပ်တွေ ကြိုလုပ်ထားပေးပါ….

၅) နာတာရှည်ရောဂါရှိသူ…စွဲသောက်နေရသောဆေးရှိသူ….ဆေးဓာတ်မတည့်မှု ရှိဖူးသူများ ဆရာဝန်နဲ့တိုင်ပင်ပါ…..


ဆေးထိုးမဲ့နေ့

၁) လက်မောင်းအလွယ်တကူဖော်လို့ရသောအဝတ် ဝတ်ပေးပါ…

၂) ဖြစ်နိုင်ရင် ကော်ဖီလက်ဘက်ရည်မသောက်ပါနဲ့

၃) အရက်ဘီယာမသောက်ပါနဲ့

ဆေးထိုးပြီး



၁) ထိုးတဲ့နေရာရောင်နေ နာနေပါက အဝတ်အေးသန့်သန့် သို့မဟုတ် ရေခဲအိတ်ကပ်ပေးခြင်းဖြင့် အနာသက်သာစေပါတယ်

၂) ဆေးထိုးထားတဲ့ လက်ကို သွေးလှည့်ပတ်မှုကောင်းအောင် လှုပ်ရှားပေးပါ…

၃) အရည်များများသောက်ပေးပါ

၄) အနားကောင်းကောင်းယူပါ…

Vaccine ကြောင့် တုန့်ပြန်မှုဟာ ၃ရက်ထိပဲ ကြာနိုင်တာမို့

၃ ရက်ကျော်တဲ့အထိ မသက်သာပါက သက်ဆိုင်ရာဆရာဝန်နဲ့ပြပေးပါ..

ဒေါက်တာခင်မြတ်မြတ်နွေး Khin Myat Myat Nway

(ကလေးအထူးကု)

ထားဝယ်ပြည်သူ့ဆေးရုံ