“ညားကာစ လင်မယားကို စကားတစ်ခွန်းထဲနဲ့ ကွဲအောင်လုပ်ခဲ့တဲ့ ဘကြီး”

လက်ထပ်ပြီးတာမကြာသေးသောလင်မယား၂ ယောက် အိမ်ရှေ့မှာ အေးအေးလူလုထိုင်စကားပြောနေတုန်း ခြံရှေ့မှာအဘိုးကြီးတယောက် လာရပ်ကာ သမီး ဘကြီးဆီခဏလောက်ကွယ်


မိန်းမဖြစ်သူက ဘကြီးအိမ်လိပ်စာမေးချင်လို့ ထင်ပါရဲ့ဟု ထိုင်ရာကထသွားတော့ အဘိုးကြီးကဒီလိုပါသမီးရယ် “ဘကြီးပြောတာ ဘယ်သူ့မှပြန်မပြောပါနဲ့ ”အဘိုးကြီးက ထိုမျှသာပြောကာ သူတို့အိမ်ရှေ့က ဆက်လက်ထွက်ခွာသွားလေရာ …



မိန်းမဖြစ်သူမှာ ဘာကိုနားလည်ရမှန်းမသိဘဲ သူ့ယောက်ျားဘေး ပြန်လာထိုင်လေသည်

“မိန်းမ ဟိုဘကြီးက ဘာပြောသွားတာလဲ”

“အော် သူပြောတာ ဘယ်သူ့မှပြန်မပြောပါနဲ့တဲ့”

“အေးလေ ဒါတော့ဒါပေါ့ ဒါပေမဲ့ မင်းနဲ့ငါက ချစ်လို့ယူထားတဲ့လင်မယားဘဲ ငါ့တော့ပြောပြ သင့်ပါတယ်”

” အင်းပါမောင်ရဲ့… ဘကြီးကသူပြောတာ ဘယ်သူ့မှမပြောပါနဲ့တဲ့”

“မဟုတ်သေးဘူးလေကွာ တခြားသူတော့မပြောနဲ့ပေါ့ငါ့ကမင်းလင်လေ ငါ့ကိုတော့ မင်းမပြောဘဲနေလို့ရမလားဘာလဲ.. ဒီအဘိုးကြီးက မင်းနဲ့မကင်းမရှင်းဖြစ်ဘူး
လို့လား…”



“ရှင်နော် စကားပြောရင်ကြည့်ပြော လူကိုမစော်ကားနဲ့ အဲဒီဘကြီးက သူပြောတာ “ဘယ်သူ့မှမပြောပါနဲ့” တဲ့ဆိုမှ ကျမက ဘာထပ် ပြောရဦးမှာလဲ

” ဟေ့ ဒီမယ် ငါကနင့်လင်နော် ငါမေးရင် နင်ပြောကိုပြောရမယ် မပြောရင် နင်လင်ငယ် နေလို့ဘဲ…”

” အံမယ်ရှင်ကများ ကျမကိုစော်စော်ကားကား ရှင်သာကျမနဲ့ မယူခင် အေးခင်တို့ မြမူတို့နဲ့ဖြစ်ခဲ့တာ မသိဘူးထင်နေလား”

” နင်ကော လှရွှေတို့ သောင်းအေးတို့နဲ့ ကင်းလို့လား”

“ရှင်မသဒီရင် မပေါင်းနဲ့လေ”

“အေးမပေါင်းဘူးဟေ့ ကွာမယ် လာတရားရုံးသွားမယ်”

“အိုကြာသလားလို့ …”


စာဖတ်သူများခင်ဗျာ” သူများလင်မယား ပြဿနာတက်အောင် ပြောသွားသော👇 ထိုအဘကြီးအားတွေ့ရှိပါက👈 အကြောင်းကြားပေးကြပါရန် –

#တော်တော်မွှေတဲ့ အဘ ကွာ..

😂😂😂😂

အခုလိုအချိန်ပေးပြီး ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်းသာယာပျော်ရွှင်သောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။


Credit