Rooftopperတစ်ယောက်ရဲ့ စတန့်ပြရင်း အထပ်မြင့်အဆောက်အအုံပေါ်က ပြုတ်ကျသွားခဲ့ရတဲ့ ဗွီဒီယိုဖိုင်

တရုပ်နိုင်ငံသား Wu Yongning ဟာဆိုရင် အသဲထိပ်ရင်ဖို အထပ်မြင့်အဆောက်အဦးတွေ ခေါင်းမိုးတွေပေါ်မှာ အသဲယားဖွယ်ကောင်းအောင် စွန့်စားခန်းတွေဖွင့်ပြတဲ့ Rooftopperတစ်ယောက်ဖြစ်ပါတယ်။



သူရဲ့ စွန့်စားပီးရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေ ဗွီယိုဖိုင်တွေကြောင့်လည်း သူဟာတဟုန်ထိုးနာမည်ကြီးလာခဲ့ပါတယ်။ အလွန်မြင့်မားတဲ့နေရာတွေရဲ့ အစွန်အဖျားမှာ ကိုင်တွယ်မှီတည်စရာမပါပဲ နေထိုင် အိပ်စက် စတန့်ပြတာတွေကြောင့်လည်း လူအများရဲ့ စိတ်ဝင်စားမှုမြင့်မားခဲ့ပါတယ်။


ဒီဗွီယိုထဲမှာတော့ အလွန်မြင့်မားတဲ့ အဆောက်အဦးရဲ့ ထိပ်စွန်းပိုင်းလေးမှာ စိုးရိမ်ကြောက်လန့်မှုမရှိဘဲ အေးဆေးသက်သာအနေအထားပုံနဲ့ စတန့်တေပြနေခဲ့တာဖြစ်ပီး နောက်ဆုံးမှာတော့ ခြေပန်းလက်ပန်းကျပီး မိမိကိုယ်ကိုယ်ပြန်ပီး ဆွဲမတင်နိုင်တော့ပဲ ပြုတ်ကျသေဆုံးသွားခဲ့တာဖြစ်ပါတယ်။



ဘာပဲဖြစ်ဖြစ်ပါ သူ့ရဲ့ အသဲယားစရာကောင်းတဲ့ ပုံတွေ ဗွီယိုဖိုင်တွေကို လူအများကြည့်ရှု့ခံစားခွင့်ရခဲ့တာ သူပေဆပ်ခဲ့ရတာနဲ့ တန်ရဲ့လားဆိုတာပါ။



တန်ဖိုးရှိလှတဲ့ လူ့ဘဝမှာ ကိုယ်လုပ်ချင်တာလုပ်ပီး အဆုံးသတ်သွားမလား၊ သမာရိုးကျ ပုံစံခွက်ထဲမှာပဲ နေထိုင်ကျင်လည်ပီး အဆုံးသတ်သွားမလား ဘယ်အရာက အမှန်တရားဖြစ်မလဲ၊ ဘယ်အရာက အဓိပ္ပါယ်ရှိတယ်လို့ ထင်မိပါသလဲ။


ဘဝဆိုတာ ကြည်လင်နေတဲ့ရေနဲ့တူပီး အဲဒီရေကို ဖန်ခွက်ထဲမှာ ထည့်မလား၊ ဇလုံထဲထည့်မလား၊ ခြေဆေးမလား၊ မျက်နှာသစ်မလား၊ သောက်သုံးမလားဆိုတာ အသုံပြုသူအပေါ်မှာ မူတည်ပီး တန်ဖိုးတွေ အဓိပ္ပါယ်တွေ ကွဲလွဲသွားကြတယ်လို့ ထင်မိပါကြောင်း………


writer – ဆြာဟုန်း