ကလေးတွေအတွက် ဆောက်လုပ်နေတဲ့ ဂေဟာအသစ်တစ်ခု တဖြေးဖြေးအကောင် အထည်ပေါ်လာလို့ ကျေနပ်ပီတိဖြစ်နေတဲ့ ခိုင်နှင်းဝေ

ကလေးတွေအတွက် ဆောက်လုပ်နေတဲ့ ဂေဟာအသစ်တစ်ခု တဖြေးဖြေးအကောင် အထည်ပေါ်လာလို့ ကျေနပ်ပီတိဖြစ်နေတဲ့ ခိုင်နှင်းဝေ


သရုပ်ဆောင်ခိုင်နှင်းဝေကတော့ ရင်သွေးလေးတွေအတွက် အသစ်ဆောက်လုပ်နေတဲ့ သူရဲ့ဂေဟာ အကောင်အထည်ပေါ်လာတာကြောင့် ကျေနပ်ပီတိဖြစ်နေရတဲ့ အကြောင်း ကို ဇန်နဝါရီလ ၂၈ ရက်နေ့က လူမှုကွန်ရက်စာမျက်နှာကနေ ရေးသားလာခဲ့ပါတယ်။



နေရာကျဉ်းကျဉ်းလေးမှာနေရတဲ့ ကလေးတွေအတွက်ရော ခိုးကိုးရာမဲ့နေတဲ့ ကလေးတွေပါနေရာလေးပေးနိုင်တော့မှာဖြစ်လို့ ပျော်နေတယ် လို့လည်း ဆိုထားပါတယ်။



“ကလေးတွေအတွက် အရိပ်လေးတစ်ခု တဖြေးဖြေးအကောင်အထည်ပေါ်လာတဲ့ အတွက် ကျေနပ်ပီတိလေးဖြစ်ရပါတယ်။ နေရကျဉ်းလေးထဲမှာ နေရတဲ့ကလေးတွေ အတွက်ကော နောက်လာမယ့် ခိုးကိုးရာမဲ့ ကလေးတွေအတွက်ပါ နေရာလေးပေးနိုင် တော့မှာ ဖြစ်လို့ ပိုပျော်မိပါတယ်။ လှူဒါန်းပေးကြတဲ့ အလှူရှင်များအားလုံးကိုလည်း သာဓုအကြိမ်ကြိမ် ခေါ်ဆိုပါတယ်။ ကျွန်မအင်အားရှိသမျှ အသက်များကိုကယ်တင်ကာ ပြုစုပျိုးထောင်ရင်း ကုသိုလ်ပြုသွားပါမယ်” လို့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထား တာပါ။



ခိုင်နှင်းဝေကတော့ အနုပညာအလုပ်တွေကိုလည်း လုပ်ကိုင်နေသလို ပရဟိတဘက်မှာလည်း လစ်ဟာမှုမရှိအောင် သူရဲ့သားသမီးတွေကို သေချာပြုစုပျိုး ထောင်ပေးနေသူတစ်ဦးဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ခိုင်နှင်းဝေရဲ့ မွန်မြတ်တဲ့စိတ်ထားကို သာဓုအကြိမ်ကြိမ်ခေါ်ဆိုထားကြတာလည်း တွေ့ရပါတယ်။


Credit Pyi Myanmar