
ပန်းရောင် ရဲ့ private account မှာ memory လေးပြန်တက်လာလို့။ ဒီအိမ်လေး Mummy ဆောက်လို့ပြီးတာ ၅ နှစ်ရှိပြီ။ Mummy က engineering တို့ architecture တို့နဲ့ကျောင်းပြီးတာမဟုတ်တဲ့အတွက် ဒီပညာကိုတတ်ကျွမ်းလို့လုပ်တာမဟုတ်ပဲ မိသားစုအတွက် business တစ်ခုဖြစ်အောင်ဆိုပြီး ငယ်ငယ်ထဲက တတ်သလောက်လေးနဲ့ စလုပ်ခဲ့တယ်၊ အမြဲလေ့လာတယ်၊ ကိုယ်တိုင်လဲအရမ်း creative ဖြစ်တယ်။
ပန်းရောင်တို့ သားအဖသုံးယောက်က အနုပညာအလုပ်ကိုပဲ ချစ်ပြီးအားသန်တာ၊ စီးပွားရေးပိုင်းကို အားမသန်ကြဘူး။ မိသားစုထဲမှာ Mummy က business mind-set အရမ်းရှိလို့တော်သေးတယ် ဟီး။ Daddy နဲ့ အိမ်ထောင်ကျပြီး ပန်းရောင်ကိုမွေးတဲ့အချိန်အထိ ၂ ယောက်လုံးက တက္ကသိုလ်ကျောင်းသူကျေင်းသား ဘဝပဲရှိသေးတယ်။
Daddy က ဒရမ်တီးပြီး မိသားစုအတွက်ပိုက်ဆံရှာပေးတယ် Mummy ကလဲ မလိုတာမသုံးပဲ ရှိတဲ့ပိုက်ဆံလေးတွေကို စနစ်တကျသုံးတယ်။ ၂ ယောက်သားငယ်ငယ်ထဲကအတူ ဘဝကိုကြိုးစားရုံးကန်ရင်းဖြတ်သန်းလာခဲ့တယ်။ Daddy အဆိုတော်ဖြစ်ပြီးနောက် ရှိုးပွဲတွေဆို အခွေရောင်းလို့ရလာတဲ့ ငွေတွေကို သူ့အတွက် ပိုက်ဆံအိတ်၊ စိန်ရွှေရတနာမဝယ်ပဲ ဘိလပ်မြေတို့ အုတ်တို့ပဲဝယ်ခဲ့တယ်။
Daddy ရှာလို့ရလာတဲ့ အနုပညာကြေးတွေစုပြီး Mummy က မြေကွက်အလွတ်လေးတွေဝယ်လိုက်၊ အိမ်ဒီဇိုင်း အပြင်ရောအတွင်းရောစဥ်းစား၊ အခန်းဖွဲ့စည်းပုံ၊ နံရံကပ် wallpaper၊ မျက်နှာကြက်ဒီဇိုင်း၊ ပန်းရောင်တို့အတွက်ဆို ဗီရို မှန်တင်ခုံကပါအစ ကိုယ်တိုင်ဒီဇိုင်းစဥ်းစားပြီး ဖန်တီးပေးတယ်။ နေ့တိုင်း ဆိုက်ထဲဆင်းတယ်၊ ဆောက်လို့ပြီးပြီဆို အဲ့ခြံနဲ့အိမ်ကိုရောင်းလိုက်၊ ပြီးရင်နောက်တစ်ခြံဝယ်လိုက်၊ ဆောက်လိုက် ရောင်းလိုက် အဲ့လိုမျိုးစီးပွားရှာခဲ့တယ်။
အဲ့ဒါတင်မဟုတ်ဘူး Daddy ရဲ့ အခွေထုတ်လုပ်ရေးအပိုင်းမှာလဲ အခွေ promotion ဘယ်လိုလုပ်မယ်၊ valentine’s album ဆိုရင် အခွေထဲမှာ postcard လက်ဆောင်လေးတွေဘယ်လိုထည့်ပေးမယ်၊ အခွေအတွက်တီဗွီကြော်ငြာဆက််လဲ ဒါရိုက်တာဦးပီတာ၊ ဦးမီးပွားတို့နဲ့အတူ သူ edit ထိုင်ဆက်တယ်၊ album cover photoshoot မှာ Daddy နဲ့ အတူရိုက်မယ့် မင်းသမီးဝတ်ဖို့ဝတ်စုံကအစ သူစဥ်းစားစီစဥ်ပေးတယ်။ အရမ်းထက်မြတ်ပြီး မိသားစုကိုလဲအရမ်းချစ်တဲ့သူတစ်ယောက်။
ပန်းရောင်တို့အတွက် ဒီအိမ်လေးဆောက်တဲ့အချိန် ၁ နှစ် နဲ့ ၈ လ အတွင်း ၅ ထပ်ခွဲကို သူနေ့တိုင်းတက်လိုက်ဆင်းလိုက်နဲ့ ဒူးခေါင်းအရွတ်ပါပါးသွားရှာတယ်။ ငယ်ငယ်ထဲက ပန်းရောင်တို့အိမ်ကို ဧည့်သည်လာပြီဆိုရင် “မသဉ္ဇာ ဆောက်ထားတဲ့အိမ်လေးက လှလိုက်တာ” ဆိုပြီးအမြဲကြားရတယ်။
အိမ်လှလှလေးတွေနဲ့နေခွင့်ရလို့ ကိုယ့်ကိုယ်ကို အရမ်းကံကောင်းတယ်လို့ထင်မိတယ်။ ပန်းရောင်အမြဲတွေးမိတယ်၊ အကယ်၍ ပန်းရောင် အိမ်ထောင်ပြုခဲ့သည်ရှိသော်၊ Mummy လို ဇနီးကောင်း မိခင်ကောင်း ဖြစ်နိုင်ပါ့မလားပေါ့။ ကိုယ်ရဲ့အချိန်၊ အသိပညာအတတ်ပညာနဲ့ မေတ္တာတွေပေးပြီး ယောင်္ကျားနဲ့ကလေးတွေကို ကျန်းမာပျော်ရွှင်အောင်ထားနိုင်ဖို့၊ ကိုယ့်အလှည့်ကျရင် အဲ့လိုပေးဆပ်နိုင်ပါ့မလားတွေးမိတယ်။
ပန်းရောင်တို့သုံးယောက်ရဲ့ ဘဝအတွက် Mummy က တန်ဖိုးမဖြတ်နိုင်တဲ့သူတစ်ယောက် 💕 ဒီလိုမိခင်မျိုးရဲ့ သမီးဖြစ်ရတာ အရမ်းဂုဏ်ယူတယ်။ မိဘရဲ့ ကျေးဇူးနဲ့မေတ္တာကတော့ ဘယ်တော့မှ ဆပ်လို့ကုန်မှာမဟုတ်ဘူး။ အတူရှိနေတဲ့အချိန်တွေကို အမြဲတန်ဖိုးထားဖို့ကြိုးစားရင်း .. 💕
Credit Pan Yaung Chel