
ကိုဗစ်ကာကွယ်ဆေး ထိုးအပြီး ဖျားနာခဲ့ရင် စားသင့်သော အစားအစာများ
ဒေါက်တာခင်မိုးမိုး
ကြက်သားဒါမှမဟုတ်အမဲသားညှပ်ပေါင်မုန့် ။ Sandwich.
ဖျားပြီးကိုယ်လက်ကိုက်နေရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာဖြစ်တဲ့ အဆီမပါဝင်တဲ့ အသားကို စားဖို့ လိုအပ်ပါတယ်။
အစာကိုစားချင်စိတ် မရှိသော်လည်း ဒီအစာကို စားသုံးတာကြောင့် ရောဂါကို တွန်းလှန်နိုင်ဖို့ စွမ်းအင် ရရှိနိုင်ပါတယ်။
ဟင်းသီးဟင်းရွက်ဖျော်ရည်။
အဖျားရှိခါစမှ ဟင်းရွက်သုတ်တွေကို စားချင်စိတ်မရှိရင် ဟင်းသီးဟင်းရွက် ဖျော်ရည်ကို သောက်ပေးပါ။ သူတို့မှာ ပါဝင်တဲ့ များစွာသော ဓာတ်တိုးပစ္စည်းမျိုးစုံကြောင့် ခုခံအားစနစ်မြင့်တက်လာနိုင်ပါတယ်။
ကြက်စွပ်ပြုတ်ရည်။
သူ့ကြောင့် အာဟာရရရှိနိုင်သလို အရည်ဓာတ်လည်း ရရှိနိုင်ပါတယ်။ ရောဂါအမြန်ပျောက်ကင်းဖို့လည်း ကူညီနိုင်ပါတယ်။
ကြက်စွပ်ပြုတ်ရည်ပူပူနွေးနွေးကို သောက်တာက နှာခေါင်းမှ အမွေးအမှင်တွေက ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးမွှားတွေကို တိုက်ထုတ်ဖို့ ကူညီနိုင်ပါတယ်။
ကြက်သွန်ဖြူ။
ကြက်သွန်ဖြူက ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်စွမ်း ရှိပါတယ်။
ချင်း။
ချင်းက ပျို့တာနဲ့ ဝမ်းဗိုက် မအီမသာဖြစ်တာကို သက်သာနိုင်ပါတယ်။ရောင်ရမ်းမှုကိုလည်း လျော့ကျနိုင်ပါတယ်။
လက်ဖက်ရည်ကြမ်းပူပူ။
ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်တဲ့ ရေနွေးကြမ်း၊ လက်ဖက်ရည်၊ Oolong
လက်ဖက်ရည်သောက်ပါ။ နှာပိတ်တာ သက်သာအောင် ရေနွေးကြမ်းက အငွေ့ကိုရှူပါ။ လည်ချောင်းနာတာ သက်သာအောင် ရေနွေးကြမ်းထဲ ပျားရည်နဲ့ ရှောက်ရည်ထည့်သောက်ပါ။
ငှက်ပျောသီး။
သူက အစာကြေလွယ်တဲ့အစားအစာပါ။ ပျို့တာ၊ အန်တာ နဲ့ ဝမ်းပျက်ဝမ်းလျော ဖြစ်သူတွေ စားသင့်ပါတယ်။
ပေါင်မုန့်ကင်။
ဖျားနာတာကို တွန်းလှန်နိုင်ဖို့ ပေါင်မုန့်ကင် ဒါမှမဟုတ် ခရက်ကာ တွေကို စားသုံးနိုင်ပါတယ်။ အစာသိပ်မဝင်တဲ့ အချိန်မှာ ဒီအစာတွေကို ကြက်စွပ်ပြုတ်နဲ့ အတူတူ စားပါ။
အားဖြည့်ဖျော်ရည်များ။
နလံပြန်ထခါစမှာ အာဟရနဲ့ ကယ်လိုရီအပြည့်အဝ ရရှိအောင် မိုင်လို၊ အိုဗာတင်းနဲ့ အင်ရှူးဝါးလိုမျိုး ဖျော်ရည်တွေသောက်ပါ။ ပရိုတင်းအနည်းဆုံး၆ ဂရမ် ပါပြီး သကြားပါဝင်မှုနည်းကာ လက်တို့စ်မပါဝင်တဲ့ညဖျော်ရည် ဖြစ်ရပါမယ်။
ရေခဲချောင်း။
လည်ချောင်းနာနေရင်၊ ရောင်ရမ်းနေရင် ဒါမှမဟုတ် ခြောက်သွေ့နေရင် ရေခဲချောင်းစားတာက ဒီဝေဒနာတွေကို သက်သာနိုင်ပါတယ်။
ရေခဲချောင်းစားတာက အဖျားကျဆင်းဖို့ အဓိက အချက်ဖြစ်တဲ့ ရေဓာတ်ပြည့်ဝမှုကို ရရှိစေနိုင်ပါတယ်။ ရေများများ ရရှိတာကြောင့် သလိပ်ပျော်ဝင်နိုင်ပြီး နှာပိတ်တာ၊ ရင်ကျပ်တာ သက်သာနိုင်ပါတယ်။
အာဟာရအပြည့်အဝ ရရှိဖို့ သစ်သီး ၁၀၀ % ပါဝင်တဲ့ ရေခဲချောင်း ပြုလုပ်ပြီး စားပါ။