စက်ဘီးကလေး တစ်စီးနဲ့ ဓာတ်ဆီ ရောင်းနေတဲ့ ဘဘကို ဘာကြောင့် ငိုနေတာလဲ မေးကြည့် မိလိုက်သော အခါ..

မုံရွာမြို့ရဲ့ အထင်ကရ ဆီဆိုင်ကြီး အနီးရှေ့မှာ စက်ဘီးလေး၊ တစ်စီးနဲ့ ဓာတ်ဆီရောင်း.. နေတဲ့အဘိုးအိုဟာ အသက် ရဝ ကျော်နေပြီ ဆိုတဲ့ အသိတခု နဲ့တင် ကိုယ့်အဘိုးသာ..

ဒီလို ပင်ပန်းစွာ ဘဝရဲ့ နောက်ပိုင်း အချိန်တွေမှာ.. ကျော်ဖြတ်ခဲ့ ရသူ ဖြစ်ခဲ့မယ် ဆိုရင် စိတ်မကောင်း ဝမ်းနည်းပြီး ငိုမိတယ်..


သမီးလေး တစ်ယောက် ရှိပေမဲ့ သမီးလေး ဦးနှောက်လေးက စိတ်သိပ်.. ပုံမှန် မဟုက်တော့ အလုပ်လုပ်စား လို့မရတော့ အဲ့အဘကပဲ ဓာတ်ဆီလေး၊ ရောင်းရင်းနဲ့ ဘဝကို.. ရပ်တည် နေတယ်။

တခြားလက်မှု လုပ်ငန်းလဲ မတတ်မြောက် လူငယ်၊ လူရွယ် တွေလိုလဲ အလုပ်ကြမ်း.. လုပ်ကိုင် နိုင်တဲ့အရွယ် မဟုတ်တဲ့ အဘဟာ ကျနော်နဲ့.. အမြဲကြုံတိုင်းအဲ့ အဘဆီမှာပဲ.. ထည့်ဖြစ်တာ နှစ်အတော်.. ကြာပြီ ဟိုးနှစ် တွေကတော့ အဲ့အနီးမှာ.. Denko ဆီဆိုင်ကြီး မရှိတော့ အဲ့အဘ ရောင်းကောင်း လောက်ပါတယ်..


ခုတော့ အဲ့နား၊ တစ်ဝိုက် မလှမ်းမကမ်း.. လေးမှာ ဆီဆိုင်ကြီး ရှိတော့၊ လူတွေက သိပ်မထည့် ကြတော့ဘူး ဆီဆိုင်ကြီး တွေကပိုရတယ်.. ဆိုပြီး ဆိုင်ကြီးတွေမှာ ထည့်ကြတာပဲ.. များတယ် ပြောချင် မိတာက ဆိုင်ကြီးတွေ ဆီမှာထည့်လို့.. ပိုရလှမှ အများဆုံးသုံးရာ ဖိုးလောက်ပေါ့..


ဆီပိုရ တာကိုပဲ မကြည့်ပဲ ဒီအဘ ဆီမှာပဲ ထည့်ကြမယ်ဆိုရင် စားဝတ် နေရေး အတွက် တစ်ဖက်.. တလမ်းကနေ ကူညီရာ ရောက်ပါတယ် ငွေဖြင့်သက်သက်.. မကူညီ နိုင်ပေမဲ့ ကျုပ်ကတော့ကြုံတိုင်း အဲ့အဘဆီမှာ ပဲထည့်တယ် အားပေးတဲ့ သဘောမျိုးပါ..


ဆီဆိုင်ကြီးတွေ ထည့်ရင် ဆီပိုရမှန်း သိပေမဲ့၊ တက်နိုင်တဲ့ ဘက်က.. ကူညီပေးရာ ရောက်လို့ပါ တစ်နေ့ကို အနည်းဆုံး လူဆယ်ဦးထည့်၊ အုံးအဘတွက်.. စားဝတ်နေရေး အဆင်ပြေ လောက်မှာပါ..

မုံရွာမြို့မှာ ဒီလောက် ဆိုင်ကယ်တွေ၊ ပေါးပြီးထွတ်.. နေကြပေမဲ့ အဲ့အဘဆိုင် လေးကြည့်မိ.. တိုင်း ထည့်သူကို မတွေ့တော့ စိတ်မ ကောင်းဘူး..


ဟိုနေ့က အပြင်သွားရင်း ဝင်ထည့်တာ.. အဘ၊ ရောင်းကောင်းလား မေးတော့.. ခုမင်းထည့်မှ ဈေးဦးပေါက် တာတဲ့ ရယ်ရင်း ပြောတယ်..

အချိန်ကို ကြည့်မိတော့ မနက် ၁၁နာရီ.. ကျော်နေပြီ စိတ်ထဲ မကောင်းလို့ မုန့်တီသုပ်လေး စားချင်လို့ ဝယ်လာတဲ့.. ပါဆယ် ထုပ်လေးကို အဲ့အဘကို ပေးခဲ့တယ် အဘက အစက ငြင်းရှာပါတယ်..


မင်းစားချင်လို့ ဝယ်လာတာ မပေးပါနဲ့တဲ့ ရပါတယ် အဘကျုပ်က.. စားပြီးပြီ ဒါအပိုဝယ် လာတာဆိုပြီး ညာပြောပြီး ပေးတော့မှ၊ ယူတယ် တကယ်တော့ ကျုပ်မစား ရသေးဘူး.. ထပ်ဝယ်ဖို့ ပိုက်ဆံလည်း မရှိတော့ဘူး ကျုပ်က အိမ်ရောက်ရင် ထမင်းစားလို့ ရတယ်လေ..


တကယ်တော့ အဘအရွယ်နဲ့ အေးအေး၊ ဆေးဆေး အိမ်မှာ နေရမဲ့ အရွယ်ပါ.. ဘဝအကြောင်း မလှတော့ တက်နိုင်တဲ့.. ခွန်အားလေးနဲ့ လမိးဘေး ဆီလေး ရောင်းနေတာပါ။ ငွေကြီး သက်သက် မလှူတန်း နိုင်ကြလည်း တက်နိုင်တဲ့ ဘက်ကနေ ဆီထည့်ပေး ခြင်းဖြင့် ကူညီရာ ရောက်ပါတယ်ဗျာ..



တခြား ပရဟိတ အဖွဲ့တွေ လှူဒါန်း ကူညီနိုင်သူ ရှိရင်လဲ၊ ဒီဘဘကို ကူညီနိုင်ပါ တယ်ဗျာ..


မူရင်းရေးသားသူ အားလေးစားစွာ ခရက်ဒစ်ပေးပါသည်