ကိုဗစ် ကာကွယ်ဆေးက နောက်လမှာ ပြည်သူတွေ အလှည့် ရောက်လာပြီမို့ မဖြစ်မနေ ပြောပါအုံးမယ်

ကိုဗစ် ကာကွယ်ဆေးက နောက်လမှာ ပြည်သူတွေ အလှည့် ရောက်လာပြီမို့ မဖြစ်မနေ ပြောပါအုံးမယ်..

(ပါမောက္ခ ဒေါက်တာညွှန့်သိန်း)

ဆေးလောက ထဲရှိနေတဲ့ ဆေးပညာရှင် တဦး အနေနဲ့ သာမန်လူတွေအတွက် ပြောသင့်တာ ပြောနေကြမို့ ပြောလိုက်ပါအုံးမယ် ၊ နာမည်ကြီးအောင် ဖျာဝင်ခင်းတာ မဟုတ်တာ မနှစ်က တင်ခဲ့တဲ့ ပို့စ်လေး လဲ ခုနကဘဲ ပြန်တင်ထားပါတယ်၊ အခု ကိုဗစ်ကာကွယ်ဆေးနဲ့ ပတ်သက်လို့ နောက်လမှာ ထိုးကြရမဲ့ အများပြည်သူ လူအများ အတွက်ပြောပြချင်တာပါ၊ ပညာရှင်ကြီးတွေ ဖတ်ဖို့မလိုပါ၊



အခု မြန်မာပြည်မှာ စထိုးနေတဲ့ UK Oxford University and AstraZeneca Company ကာကွယ်ဆေးအတိုင်း အိန္ဒိယနိုင်ငံ SII (Serum Institute India) က COVISHIELD ဆေးကို ရှေ့တန်းက ကျန်းမာရေးဝန်ထမ်းတွေ ကို ၂၇-၁-၂၀၂၁ နေ့ကစပြီးထိုးပေးနေပါပြီ၊ ဒီလို အချိန်မှာထိုးနိုင်တာဟာ နိုင်ငံခေါင်းဆောင်အမေစုရဲ့ စွမ်းဆောင်မှုကြောင့်ဆိုတာတော့ ပြောစရာမလိုတဲ့ အမှန်ကန်ဆုံး အချက်ပါ..



ကူးစက်ရောဂါ အထူးသဖြင့် ကပ်ရောဂါအသွင်ဖြစ်တဲ့ ကူးစက်ရောဂါတွေကို ကာကွယ်ရာမှာ တဦးချင်း ကာကွယ်ရမဲ့ စည်းကမ်း နည်းလမ်းတွေ (ကိုဗစ်မှာဆို Stay Home, Social Distancing , Mask , Hand Washing) အပြင် အများလူထု ကာကွယ်နိုင်တဲ့စွမ်းရည် (Herd Immunity) ရအောင်လုပ်တာလည်းအရေးကြီးပါတယ်၊ အဲဒီ Herd Immunity ရအောင်လုပ်တဲ့ နည်းတွေထဲမှာ ပထမနည်းဖြစ်တဲ့ လူ အတော်များများကိုရောဂါ ပေးဖြစ်စေတဲ့နည်းက (ကိုဗစ်အစမှာ အမေရိကန်၊ အင်္ဂလန်မှာ ကျင့်သုံးခဲ့ကြတာ) လူ့အသက်တွေ အတော်ပေးဆပ်ခဲ့ရတာပါ၊



နောက်တနည်းကတော့ ကာကွယ်ဆေး ပါဘဲ၊ ဒါကြောင့် ကိုဗစ် စပြီး လပိုင်းလောက်ထဲက နိုင်ငံအများအပြားက ဆေးပညာရှင် သိပ္ပံပညာရှင်များစွာ က ကာကွယ်ဆေးအတွက် အထူးကြိုးပမ်းခဲ့ကြလို့ အခု အရေးပေါ်သုံး EUA နဲ့ ကာကွယ်ဆေး ၅/၆ မျိုးလောက်ထွက်နေပြီး ကမ္ဘာပေါ်မှာ လူသန်းကျော်ထိုးနေကြပါပြီ၊



ကာကွယ်ဆေးဆိုတာ ဘာအာနိသင်မှမရှိတဲ့ မိုးရေကို ထိုးတာမဟုတ်တာကိုတော့ အားလုံးသိကြဖို့လိုပါတယ်၊ တကယ့်ရောဂါကို ကာကွယ်ဖို့ ဖြစ်လာရင်လဲ သိတ်မပြင်းထန်အောင်လို့ လုပ်ပေးဖို့ဟာ အဲဒီ ရောဂါပိုးကို တိုက်ဖျက်နိုင်တဲ့ ခုခံမှုပစ္စည်း (Antibodies) ထွက်ဖို့ ကာကွယ်ဆေးတွေက လုပ်ပေးတာပါ၊ အဲဒီလိုပစ္စည်းထွက်အောင် ရောဂါပိုး (သို့) ရောဂါပိုးနဲ့ဆင်တူတဲ့ လူကို ဒုက္ခ မပေးတာသေချာမဲ့ အပိုင်း အစ (သို့) နည်းပညာနဲ့ပြုပြင်ထုတိလုပ်ထားတဲ့ ပစ္စည်းလေးကို လူကိုထိုးပေးတာပါ၊ ယေဘူယျအားဖြင့် တကြိမ်ထဲနဲ့ ကိုယ်ခန္ဓာက အများကြီး မထုတ်နိုင်လို့ အပါတ်ခြားပြီး (၂) ကြိမ်ထိုးကြရလေ့ရှိပါတယ်၊


အခုအရေးအကြီးဆုံးအပိုင်းကို ပြောပါတော့မယ်၊ ကာကွယ်ဆေးထိုးရင် သူ့ဆေးစွမ်းပြတဲ့အနေနဲ့ နဲနဲတော့ ကိုယ်ခန္ဓာမှာ ခံစားမှုလေးတွေဖြစ်တတ်ကြပါတယ်၊ ဒါ ဖြစ်လေ့ဖြစ်ထရှိတာပါ၊ ကြောက်စရာ စိုးရိမ်စရာ မဟုတ်ပေမဲ့ ဖြစ်တတ်ကြတာကို သိလဲသိ လက်လဲ လက်ခံပြီး အဲဒိလို ဖြစ်လာခဲ့ရင် သောက်သုံးနေထိုင်ပြုမူရမဲ့ အတွက်ကြို ပြင်ဆင်ထားကြရမှာပါ၊ အခုလို နိုင်ငံတကာက အရေးပေါ် EUA ခွင့်ပြုပေးထားတဲ့ ကာကွယ်ဆေးမှန်သမျှဟာ ပြောပလောက်အောင် ကြီးကျယ်တဲ့ ဘေးထွက်ဆိုးကျိုး မရှိတာသေချာမှ လူအများကိုထိုးခွင့်ပြုတာပါ၊


အခု COVISHIELD (ဆေးကြော်ငြာတာမဟုတ်ပါဘူးနော်၊ အခုလဲ ထိုးနေတဲ့ နောက်လည်းအဓိကထိုးရမဲ့ဆေးမို့လို့ ပြောနေတာပါ) ထိုးနေကြ ထိုးပြီးကြတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ Volunteer တွေက ဆေးထိုးပြီး ခံစားနေရတာလေးတွေ ရေးသားဖော်ပြနေကြတာဟာ “ကြောက်အောင်၊ မထိုးရဲကြအောင်” လုပ်နေတာမဟုတ်တာကို နောက်အပါတ်မှာ စထိုးကြရမဲ့ အများပြည်သူလူထု သိနေကြဖို့လိုပါတယ်၊ ကာကွယ်ဆေး လုံးဝ မထိုးသင့်ပါဘူးလို့ သတ်မှတ်ထားတဲ့ အုပ်စုမှ လူများမှအပ ကျန်လူအများက ထိုးကြမှသာ အပေါ်မှာ ပြောထားတဲ့ “Herd Immunity” ရကြမှာဖြစ်ပြီး နိုင်ငံရဲ့လိုအပ်တဲ့ စီးပွားရေး၊ ပညာရေး၊ လူမှုရေး အဝဝမှာ လိုအပ်သလိုဖြေလျှော့မှုတွေလုပ်နိုင်ကြမှာပါ၊


ဒါကြောင့် ဆေးထိုးတဲ့နေရာ နာတာ၊ ခေါင်းကိုက်တာ၊ ကိုယ်လက်တွေ နဲနဲကိုက်ခဲတာ၊ နဲနဲဖျားချင်တာ၊ ကြွက်သားတွေနာတာတွေ ဖြစ်နိုင်တယ်၊ ကြောက်စရာမလိုဘူး၊ သက်သာအောင် သောက်ရမဲ့ဆေးလေးတွေ တတ်သ်တဲ့သူတွေမေးပြီးသောက်ရမယ်ဆိုတာကို အကုန် သိထား ၊ လက္ခံထား၊ ဆောင်ရွက်ကြရမှာပါ၊


အခု မိမိသားသမီးလေးတွေ အားပေးတဲ့အနေနဲ့ ရေးနေကြတာလေး ထပ်ရေးပေးလိုက်ပါမယ်၊ ကိုဗစ်ကာကွယ်ဆေးထိုးရင် ရုပ်ချောတဲ့လူတွေဟာ ခေါင်းကိုက်တာ၊ ကိုယ်လက်ကိုက်ခဲတာတွေ ဖြစ်ကြမှာပါတဲ့၊ မိမိကထပ်ဖြည့်ပြောပါရစေ၊ ရုပ်ချောရုံမက ၊ စိတ်ကောင်းပါရှိတဲ့သူတွေဆို ဖျားပါ ဖျားနိုင်ပြီး ကြွက်သားတွေပါ နာကောင်းနာနိုင်ပါတယ်၊ မကြောက်ကြပါနဲ့၊ ဆေးထိုးပြီး ဘာဆိုဘာမှ မဖြစ်ဖူး ဆိုတဲ့လူတွေတော့.. မပြောတော့ပါဘူး၊ မိမိတို့ ပြည်သူပြည်သားအားလုံး ကိုဗစ်အန္ဆရာယ်မှ ကင်းဝေးကြပါစေ..


(Dr. Nyunt Thein)