ကလေးတွေကို သကြားလုံး စပျစ်သီး မြေပဲဆံတို့ ကြွေးမယ်ဆိုရင် အထူးသတိထားကြပါ

ကလေးရဲ့လေပြွန် ထဲမှာမြေပဲစေ့လေးပိတ်နေတာပါ။ သေသွားတဲ့ကလေးရဲ့ လေပြွန်ကို ခွဲစိတ်ပြထားတာပါ။ကလေးတွေရဲ့ လေပြွန်က သေးသေးလေးပါ။ လေပြွန်နဲ့ အစာမြိုပြွန်က ကပ်နေတော့ သေးငယ်တဲ့ အရာဝတ္တုလေးတွေ မတော်တဆဝင်သွားရင် သေတတ်ပါတယ်။ ဥပမာ – သကြားလုံး သြဇာစေ့ အစရှိသဖြင့်။


ဒါကြောင့်ကလေးတွေကို သကြားလုံးကြွေးတာဖြစ် ဖြစ် မြေပဲဖြစ်ဖြစ် သေးသေးလေးဖြစ်အောင် ခွဲခြမ်းပြီး‌ကျွေးပါ။ စပျစ်သီးတွေ ကျွေးမယ်ဆိုလည်း ဂရုစိုက်ပြီး ကျွေးပါ။



(မိမိရဲ့ ဆရာမတစ်ဦး၏ အတွေ့အကြုံ – လက်ထောက်ဆရာဝန်ဘဝက အရှေ့ပိုင်းဆေးရုံမှာ ၂နှစ် အရွယ်ကလေးလေး မုန့်လုံးရေပေါ် စားရင်းပြေးဆော့တော့သီးပြီးလေပြွန်တဲ့ရောက် အသက်ရှူကြပ် ဆေးရုံကို Brought dead နဲ့ရောက်လာပါတယ် စဖြစ်တော့နားလည်တဲ့သူက ရှေးဦးသူနာပြုစုနည်းနဲ့ မုန့်လုံးရေပေါ် ထွက်သွားအောင်လုပ်ပေမယ့် ပျော့ပြီးကပ်နေလို့ မထွက်ဘဲကလေးအသက်ဆုံးရှူံးရတယ် မိဘများသတိထားကြပါ အစာစားရင်းပြေးမဆော့ပါစေနဲ့ သေးငယ်တဲ့ကစားစရာတွေ အစားအသောက်တွေ အားလုံးလေပြွန်ထဲမတော်တဆပိတ်တတ်ပါတယ်။)



DR Kyaw That Soe