သင့်ရဲ့လက်ချောင်းပုံစံက ဖော်ပြပေးနေတဲ့ သင့်ရဲ့အကြောင်း

သင့်ရဲ့လက်ချောင်းပုံစံက ဖော်ပြပေးနေတဲ့ သင့်ရဲ့အကြောင်း..

လူတိုင်းမှာ လက်ချောင်း ပုံစံ အမျိုးမျိုး ရှိကြပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် လက်ချောင်း ပုံစံချင်း မတူကြပါဘူး။ တဖြောင့်တည်း ထိတ်ချွန်တာနဲ့ လက်ဆစ်ရိုးကြီးတာ စတဲ့ လက်ပိုင်ရှင်တွေရဲ့ လက္ခဏာရပ်တွေကို မျှဝေပေးသွားမှာပါ။


ပုံ (A)

လက်ချောင်း က A မှာ ပြထားသလိုမျိုး တပြေးတည်း ဖြစ်နေတယ် ဆိုရင်တော့ သင်ဟာ အလွန် လျှို့ဝှက်တဲ့သူပါ။ သင့်ရဲ့ ခံစားချက်တွေကို အလွယ်တကူ မျှဝေတတ်တဲ့သူ မဟုတ်ပါဘူး။ သင် စိတ်ဓါတ် ဘယ်လောက်ကျပြီး စိတ်ခံစားမှု ဘယ်လိုပဲ မကောင်းဖြစ်နေပါစေ။ သင့်ကိုယ်သင် သန်မာတဲ့သူ တစ်ယောက်အဖြစ်သာ လူတွေကို ဖော်ပြကြပါတယ်။ သင့်ကိုယ်သင် တည်ဆောက်တဲ့ သူမျိုးပါ။


မရိုးသားမှု လိမ်လည်မှုတွေကိုလည်း မုန်းတဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ သင်ယုံကြည်တဲ့သူ အပေါ်မှာတော့ အရမ်းကို ပွင့်ပွင့်လင်းလင်း ရှိတဲ့သူလည်း ဖြစ်ပါတယ်။ သင်ဟာ သည်းခံတတ်ပြီး တခြားသူကို ကူညီတတ်ပါတယ်။ ပေးအပ်တဲ့ တာဝန်တစ်ခုကို သင်မကြိုက်ရင်တောင် ကျေပွန်အောင် လုပ်ဆောင်သူ တစ်ယောက်ဖြစ်ပါတယ်။ သင့်မိသားစုတွေ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ ပတ်သက်ရင်တော့ စိတ်ထိခိုက် လွယ်ပါတယ်။


ပုံ (B)

သင့်ရဲ့လက်ပုံစံက ထိတ်ပိုင်းမှာ ချွန်သွားတယ်ဆိုရင်တော့ သင်ဟာ အသစ်အဆန်းတစ်ခုခုကိုလုပ်ဖို့ ဝန်လေးတတ်သူ တစ်ဦးဖြစ်ပါ။ သစ္စာရှိတဲ့ မိတ်ဆွေကောင်းတစ်ဦးဖြစ်ပါတယ်။ သင်တစ်ယောက်ယောက်ကို ချစ်မိသွားရင် သူ့ကိုအမြဲ ပျော်ရွှင်ဖို့ အတွက် တွေးပေးတတ်ပြီး သင့်ရဲ့ စိတ်တွေ အာရုံတွေအားလုံးကို သူ့အပေါ်မှာပဲ ပုံထားလေ့ရှိပါတယ်။ သင်ဟာ ဆတ်ဆတ်ထိမခံသူတစ်ယောက်ဖြစ်ပါတယ်။


အလုပ်တစ်ခုကို လုပ်လိုက်ပြီဆိုရင်လည်း အဆုံးထိလုပ်တတ်တဲ့သူဖြစ်ပါတယ်။ နာကျင်ရမှာကြောက်ပြီး သင်တစ်ခုခု ခံစားနေရရင်တောင် သင်ဘာမှမဖြစ်ဘူး အဆင်ပြေတယ်ဆိုတဲ့ စိတ်မျိုးကို သွင်းထားတဲ့သူပါ။ သင့်ကိုယ် ပျော်ရွှင်စေတဲ့ သူမျိုးကို နွေးထွေးတဲ့သူမျိုးကို သင်အမြဲတမ်းလိုအပ်နေတတ်ပါတယ်။ တစ်ခုခုကို မကျေမနပ်ဖြစ်တယ်ဆိုရင်တောင် တခြားသူမသိနိုင်လောက်အောင် တည်ငြိမ်လွန်းသူလည်းဖြစ်ပြန်ပါတယ်။

ပုံ (C)

ဒီ လက်ပိုင်ရှင် မျိုးဟာ နတ်သမီးလေး တစ်ပါးလိုပါပဲ။ စိတ်ခံစားမှုအရမ်းလွယ်သလို ခွင့်လွှတ်ဖို့ တစ်ခုခုကို မေ့ပျောက် ဖို့လည်း လွယ်ပါတယ်။ သဘောထားကြီးလွန်းတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သင့်အပေါ် သိပ်မခင်ချင် မဖော်ရွေချင်တဲ့ သူတွေကိုလည်း သင်က ကြင်နာတတ်ပါတယ်။


လူမှုရေးလုပ်ငန်း တွေလည်း အများအပြားလုပ်ဆောင်သူတစ်ဦးဖြစ်ပါတယ်။ မတရားတာ သစ္စာဖောက်တာတွေကိုလည်း သည်းမခံတတ်သူဖြစ်ပြီး ပြင်းပြင်းထန်ထန် ဆန့်ကျင်သူလည်းဖြစ်ပါတယ်။ သင်ဟာ ပျော်ရွှင်တဲ့သူ တစ်ယောက်ဖြစ်ပြီး သင့်နားမှာရှိတဲ့ မိတ်ဆွေသူငယ်ချင်းတွေကလည်း ပျော်ရွှင်ရပါတယ်။

မူရင်းရေးသားသူ အား လေးစားစွာဖြင့် Credit ပေးပါသည်။