စိတ္တဇဆန်ဆန် မိခင်ရဲ့ရုပ်အလောင်းကို ၁၀ နှစ်ကြာရေခဲရိုက်ဖွက်ထားသူ သမီးဖြစ်သူအားဖမ်းဆီးစစ်ဆေး

စိတ္တဇဆန်ဆန် မိခင်ရဲ့ရုပ်အလောင်းကို ၁၀ နှစ်ကြာရေခဲရိုက်ဖွက်ထားသူ သမီးဖြစ်သူအားဖမ်းဆီးစစ်ဆေး



ဂျပန်နိုင်ငံတိုကျိုမြို့ရှိ Apartment တိုက်ခန်းငှါးတစ်ခန်းတွင် အသက် ၄၈ နှစ်အရွယ် သမီးဖြစ်သူ ယူမိ ယိုချီနို (YumiYoshino )သည် မိခင်ဖြစ်သူရဲ့ရုပ်အလောင်းကိုရေခဲရိုက်ဗီရိုထဲတွင် ၁၀ နှစ်ခန့်အကြာသိပ်ထားပြီး အခန်းခ
မပေးနိုင်၍ ထွက်သွားစဉ် ဇန်နဝါရီလ ၂၇ ရက်နေ့က သန့်ရှင်းရေဝန်ထမ်းမှ စွန့်ပစ်ထားခဲ့သည့် အဆိုပါရုပ်အလောင်းအားရှာဖွေတွေ့ရှိခဲ့သဖြင့် ရဲတပ်ဖွဲ့သို့သတင်းပို့ခဲ့ခြင်းဖြစ်တယ်လို့ ဇန်နဝါရီလ ၃၀ ရက်နေ့က AFP သတင်းတစ်ပုဒ်တွင် ဖော်ပြခဲ့ပါသည် ။



သမီးဖြစ်သူကိုတော့ ဇန်နဝါရီလ ၂၉ ရက်နေ့က တိုကျိုမြို့နှင့်မနီးမဝေး ချီဘမြို့ ChiBa ရှိဟိုတယ်တစ်ခုတွင်ရဲတပ်ဖွဲ့ကဖမ်းဆီးရမိခဲ့ပါတယ် ။သူမရဲ့ထွက်ဆိုချက်အရ မိခင်သေဆုံးတဲ့အချိန် အလောင်းကိုဖွက်ထားရတဲ့အကြောင်းရင်းမှာ သူ့မိခင်သေဆုံးသွားတဲ့အကြောင်း Apartment ကိုအကြောင်းကြားလိုက်ပါက ယခုနေရာတွင် ဆက်လက်နေထိုင်ခွင့်မရှိတော့မှာကို စိုးရိမ်ထိတ်လန့်ပြီး ယခုလိုရေခဲရိုက်ထားကာ မိခင်နှင့်အတူနှစ်ရှည်လများအတူနေထိုင်ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ် ။



ကျိုတိုသတင်းတစ်ပုဒ်မှာတော့ မိခင်ဖြစ်သူဟာ အခန်းငှါးသူဖြစ်ပြီး သေဆုံးချိန် အသက် ၆၀ ခန့်ရှိကာ ပြီးခဲ့တဲ့ဇန်နဝါရီလ ဒုတ််ိယအပတ်က သမီးဖြစ်သူမှာ အခန်းငှါးရမ်းခများ ဂျပန်ယန်း ၁၀ သိန်း မပေးနိုင်သဖြင့် Apartments ပိုင်ရှင်မှ အခန်းပြန်သိမ်းခဲ့ပြီးနောက်အခန်းသန့်ရှင်းရေးဝန်ထမ်းမှ သွားရောက်သန့်ရှင်းရေးပြုလုပ်ရာမှ အဆိုပါအလောင်းကိုတွေ့ရှိခဲ့တာဖြစ်တယ်လို့ဖော်ပြထားပါတယ် ။



မည်သို့ပင်ဖြစ်စေ အလောင်းကိုတော့ ဓါတ်ခွဲစစ်ဆေးရာမှာ သေဆုံးသူမှာ ဘယ်အချိန် ဘယ်တုန်းက ဘာကြောင့်သေဆုံးရတယ်ဆိုတဲ့အကြောင်းကိုတော့ပြောဆိုနိုင်ခဲ့ခြင်းမရှိပေမယ့် အခြား မည်သည့် ဒဏ်ရာဒဏ်ချမှမရှိတာကိုတော့စစ်ဆေးတွေ့ရှိခဲ့ကြောင်းသိရှိရပါတယ် ။


ကိုးကား
Ref: KyodoNews
Photo #Credit

Credit Si Thu Maung