ကျောက်ကပ်လဲရမယ်ဆိုတဲ့ နှစ်ယောက်လုံး အံ့မခန်းပျောက်ကင်းသွားတဲ့နည်းလမ်း

ဝမ်းသာစရာသတင်းလေးပါ သူငယ်ချင်းတယောက် ကျောက်ကပ်လဲရမယ်တဲ့ သိန်း၃ရာကျော်ကုန်မယ်ဆိုလို့ သူ့ခြံလေးကို ရောင်းနေတာ အခုကျောက်ကပ်ဆေးနေရတယ် ။အခုဒီဆေးနည်းလေးကိုသောက်တာ မဆေးရတော့ဘူး အမတယောက်က ကျောက်ကပ်ရောဂါဖြစ်နေတာ ကြာပီ ။အခု ခံတက်ခေါက်ရယ် သံပုရာသီး ရယ် သွေးသောက်တာ ၂ယောက် လုံး အံ့မခန်းပျောက်ကင်းသွားပါပီ ကုသိုလ်ဖြစ်ရှဲပေးကြပါ


ကျောက်ကပ်ထိခိုက်နေပြီလို့သတိပေးနေတဲ့ရောဂါလက္ခဏာများ

ကျနော်တို့ခန္ဒာကိုယ်က အဂါၤ အစိတ်အပိုင်းဟာ ရောဂါတစ်ခုခုခံစားနေရပြီဆို လူကို ရှေ့ပြေးလက္ခဏာများ နဲ့ သတိပေး တတ်ပါတယ် ။ သူတို့ကိုသတိမမှုပဲပေါ့ပေါ့နေမယ်ဆိုရင်တော့ ရောဂါတေ ကြီးထွားလာချိန်မှသိပြီး ကုသမှု နောက်ကျ နိုင်ပါတယ် ။ဆေးရုံတင်ရရင် အိမ်နေမိသားစုတွေ လူအင်အား ငွေအင်အား အချိန်အားနဲ့ လုပ်အားတွေ မလိုအပ်ပဲ ဆုံးရှုံးတတ်တာကြောင့်မို့ ကျနော်တို့ခန္ဒာကိုယ်က သတိပေးနေတဲ့ ရှေ့ပြေးလက္ခဏာများ ကို သတိမှုမိဖို့ ဖတ်ကြည့်ရ အောင် ။ ဒီနေ့ မောင်ဖြိုးတို့ပြောပြမှာကတော့..ကျောက်ကပ်ရဲ့ ရှေ့ပြေး ရောဂါ လက္ခဏာများ ပါပဲ။



အိပ်မပျော်ခြင်း

ကျောက်ကပ်တွေက ခန္ဒာကိုယ်ရဲ့အဆိပ်အတောက်တွေကို ဆီးထဲ ကနေစွန့်ထုတ်ပေးရတဲ့အလုပ်ကိုလုပ်ပါတယ် ။ အားလုံးမြင်သာအောင် ပြောရရင် ကျောက်ကပ်ဟာ ခန္ဒာကိုယ်အတွက် အမှိုက်သိမ်းသမားလေးတယောက်ပါပဲ ။ဆိုတော့ ကျောက်ကပ်ကကောင်းကောင်းအလုပ်မလုပ်ရင် အဆိပ်အတောက်အညစ်အကြေးတွေက ခန္ဒာကိုယ် သွေးလှည့်ပတ် စနစ်ထဲမှာ ပဲရှိနေကြမှာပါ..။


အဆိပ်တွေကသွေးထဲမှာများနေပြီဆို သင်အိပ်ပျော်တော့မှာမဟုတ်ပါဖူး ကော်ဖီတွေ သောက်ထားတာ စိတ်လှုပ်ရှားစရာ.. စိတ်ဖိစီးမှု အစရှိတဲ့ အကြောင်းရင်းတိတိကျကျ မရှိပဲရက်ရှည် အိပ်မပျော်ဖူး ဆိုရင် တော့ ကျောက်ကပ်ကို ဂရုစိုက်ဖို့အချိန်ရောက်ပြီဆိုတဲ့ လက္ခဏာပါပဲ ။ကျောက်ကပ်ရောဂါတစ်ချို့ ဟာ အိပ်စက်နေရင်း အသက်ရှုခတ္တခဏ ရပ်သွားတတ်တဲ့ sleep apnea ဆိုတဲ့ရောဂါတစ်မျိူးကိုပါဖြစ်စေတတ်ပါတယ် ။ အိပ်နေရင်းနဲ့ အကျယ်ကြီးဟောက်တတ်တဲ့ လက္ခဏာ ကိုလဲပြသတတ်ပါတယ်။



ခေါင်းကိုက်ခြင်းနှုံးချိခြင်းနှင့်ခွန်အားမရှိသလိုခံစားရခြင်း

သွေးနီဥတွေက သွေးလှည့်ပတ်မှုစနစ်တလျှောက်မှာ လှည့်ပတ်ပြီး အောက်ဆီဂျင် ကို အဆုပ်ကနေ ဆဲလ်တွေဆီကို သယ်ဆောင်ပေးပါတယ် ။ သွေးနီဥတွေနဲလေလေ လူဟာ ပိုပြီး မောလွယ် ပင်ပန်း လွယ်ပြီး နှူံးချိနေတတ်ပါတယ် ။EPO (Erythropoietin) လို့ခေါ်တဲ့ဟော်မှုန်းတမျိူးဟာ ရိုးတွင်းချဉ်ဆီကနေ သွေးနီဥ ထုတ်လုပ်မှုကို အားပေးပါတယ် EPO ကိုတော့ ကျောက်ကပ်ကနေထုတ်လုပ်ပါတယ်။


ကျန်းမာနေတဲ့အချိန်မှာ ကျောက်ကပ် ဟာ ခန္ဒာကိုယ် ထဲက Vitamin D ကိုထိမ်းသိမ်းကြီး အရိုးရဲ့ကြံခိုင်မှုနဲ့ EPO ထုတ်လုပ်ပေးမှုကို လုပ်ဆောင်နိုင်ပါတယ် ။ အရမ်းကို နှုံးချိမောလွယ် ပင်ပန်းလွယ် နေရင်တော့ဆရာဝန်ပြသင့်ပါတယ် ။ကြာရှည်ကျောက်ကပ်ရောဂါ ခံစားနေရသူတွေ အဖြစ်များတဲ့ လက္ခဏာ ကတော့ Anaemia လို့ခေါ်တဲ့ သွေးအားနည်းရောဂါပါပဲ ကျောက်ကပ် လုပ်ငန်းဆောင်တာရဲ့ ၅၀ % ပဲအလုပ်လုပ်တော့တဲ့ လူနာများမှာတွေ့ရတတ်ပါတယ် ။သင်အနေနဲ့လုံလောက်အောင်အနားယူ အိပ်စက်ပေမဲ့ အမြဲပင်ပန်းနွမ်းနယ် နှုန်းချိလွယ် နေပြီဆိုရင်တော့ ဆရာဝန်ဆီသာပြေးတိုင်ပင်ပါတော့..။



ခြောက်သွေ့ပြီးယားလွယ်တဲ့အရေပြား

ကျောက်ကပ်ဟာ ဗီတာမင် နဲ့သတ္တုဓာတ်တွေကို စီမံခန့်ခွဲရတဲ့ အင်္ဂါအစိတ်အပိုင်းလဲ ဖြစ်ပါတယ် ။ ပိုလျှံနေတဲ့ အရည်ဓာတ်တွေကို ဖယ်ရှားမယ် သွေးနီဥထုတ်လုပ်မှုကိုမြင့်တင်မယ် ဆိုတဲ့အလုပ်တွေလဲလုပ်ပါတယ် ။သင်အရေပြားက လိုအပ်တဲ့စိုစွတ်မှုမရှိဖူး ခြောက်သွေ့ပြီးယားယံနေရင်တော့ သတ္တုဓာတ်မလုံလောက် မမျှတတဲ့ ကျောက်ကပ်ပြဿနာ ပဲလို့သိလိုက်ပါ ဒါဟာ အရိုးရောဂါတွေကိုလဲနောက်ဆက်တွဲ ဖြစ်စေနိုင်ပါတယ် ။ရေများမျျားသောက်ပါ ကြာရှည်ခံစားနေ ရတဲ့ လက္ခဏာ တွေအတွက်ဆိုရင် တော့ဆရာဝန်သာပြသပါ..ကိုယ့်စိတ်အထင်နဲ့ဆေးတွေ လျှောက်မသောက် ပါနဲ့…ဆေးဝါးတွေဟာအသဲနဲ့ကျောက်ကပ်ကို ပိုပြီးအလုပ်ပေးတတ်ပါတယ်။


ခံတွင်းအနံ့ဆိုးဝါးပြီးပါးစပ်ထဲတွင်သံဓာတ်အရသာခံစားနေရခြင်း

သင့်သွေးထဲမှာအဆိပ်အတောက်တွေများနေပြီဆိုရင်တော့ ဒီလက္ခဏာပြပါလိမ့်မယ် ။ ငယ်တုန်းက ကလေးသဘာဝ သံပိုက်လုံးကိုရက်မိသလို စိမ်းရွှေရွှေဖန်တန်တန်ငန်သလိုလို အရသာကြီးပါ ဒေါက်တာငဖြိုးတို့ငယ်တုန်းကတော့ပါးစပ်ထဲဘယ်လိုသံချောင်းဝါးမိတယ်မမှတ်မိတော့ဖူး.အရသာဆိုးဆိုးကြီးကိုတော့ မှတ်မိနေပါသေးတယ် လေ။ ကျောက်ကပ်သမားဟာအစားစားတဲ့အခါမှာလဲ ဒီသံအရသာကြီးဖြစ်နေတတ်ပါသတဲ့ နောက်ပြီး ခံတွင်းအနံ့ဆိုးဝါးခြင်း ဟာလဲ ကျောက်ကပ်ရဲ့လက္ခဏာတစ်ခုပါပဲ


သွေးလှည့်ပတ်မှုစနစ်တလျှောက်မှာ အဆိပ်အတောက်တွေ များနေပြီ ဆိုတဲ့အချက်ပြမှုပဲလိုသိထားပါတော့.။နောက်ဆက်တွဲ လက္ခဏာကတော့ အစားစာချင်စိတ်မရှိတာ အထူးသဖြင့် အသားငါးမစားချင်တဲ့ခံစားချက်ပါပဲ ဒါဟာ ကျန်းမာရေးနဲ့မညီညွှတ်တဲ့ ကိုယ်အလေးချိန်ကျဆင်းမှု (unhealthy weight loss )ကိုဖြစ်စေတတ်ပါတယ် ။ပုံမှန်အားဖြင့်တော့ သံအရသာကြီးဟာ အလာဂျစ်သမားတွေနဲ့ ခံတွင်းသန့်ရှင်းမှု နည်းပါးတဲ့လူတွေမှာတွေ့ရတတ်ပါတယ် ဒါပေမဲ့.. ရက်ရှည်လများ ဒီလက္ခဏာခံစားနေရရင်တော့ ဆရာဝန် နဲ့သာ ပြသပေတော့ဗျို

အသက်ရှုမြန်ခြင်း(ကျပ်ခြင်း)

စာဖတ်သူ မိတ်ဆွေအပေါင်း အသက်ရှုကျပ်ရတာ မောတာမြန်တာနဲ့ကျောက်ကပ်နဲ့ မဆိုင်ဖူးလို့တွေးထင်ကြမှာပေါ့ အဓိကနှစ်ချက်ရှိပါတယ် ပထမအချက်ကတော့ ကျောက်ကပ်ကမစွန့်ထုတ်နိုင်တဲ့ အရည်ဓာတ်အပိုတွေဟာ ခန္ဒာကိုယ်ထဲမှာစုပုံနေမိပြီးအဆုပ်ထဲကို အလွယ်တကူရောက်လာရှိနိုင်လို့ပါပဲ။နောက်တချက်ကတော့ ကျောက်ကပ်မကောင်းတဲ့အတွက်ကြောင့် anaemia ဖြစ်ပြီးခန္ဒာကိုယ်ရဲ့ ဆဲလ်တွေဟာ အောက်ဆီဂျင် လုံလောက်စွာမရရှိလို့ ပါပဲ ဒီနှစ်ချက်ကြောင့်မောတာ အသက်ရှုမြန်တာ..ဖြစ်တတ်ပါတယ် ။


ဒါပေမဲ့လည်း တခြား ပန်းနာရင်ကျပ်လို အဆုပ်ကင်ဆာလိုမျိုး နဲ့ နှလုံးရောဂါတွေကြောင့်လဲ အသက်ရှုမဝ အသက်ရှုမြန်တာ ဖြစ်တတ်ပါသေးတယ်။ အသက်ရှူမဝတာတဲ့တန်းပြီးကျောက်ကပ်ကြောင့်လို့ ထင်လို့မရပေမဲ့ သူဟာလဲအကြောင်းရင်းထဲကတစ်ခုပဲလို့ သတိထားသင့်ပါတယ်။အိမ်ခန်းထဲကနေမီးဖိုအသွား တို့ လှေကားလေ ၃ ထစ်လောက်တက်ရုံနဲ့တင်မောနေပြီဆိုရင်တော့.. မိတ်တွေတို့ရေဆရာဝန်ဆီသာပြေးပေတော့။..


လက်ကောက်ဝတ်ခြေမျက်စိတဝိုက်ခြေနဲ့လက်တွေဖောယောင်ခြင်း

ကျောက်ကပ်အလုပ်မလုပ်လို့ ခန္ဒာကိုယ်မှာအရည်တွေစုပုံပြီးများလာပြီဆိုရင် ဒီရေတွေဟာ sodium retention ကိုဖြစ်စေပါတယ် ဒါဟာသင့်လက်ကောက်ဝတ် ခြေကျဉ်းဝတ် လက်နဲ့ ခြေထောက်တွေမှာ အရည်တွေစုပြီးဖောယောင်စေတတ်ပါတယ်။ခြေထောက်တွေနဲ့ ခန္ဒာကိုယ်အောက်ပိုင်းဖောယောင်ခြင်းဟာ အခြား နှလုံး အသည်းနဲ့ ခြေထောက်အတွင်းက သွေးပြန်ကြောတွေ တခုခု ချွတ်ယွင်းလို့လဲ ဖြစ်နိုင်ပါတယ်။ဆေးတွေကလဲအယောင်ကျအောင်လုပ်နိုင်ပေမဲ့ ဆရာဝန်နဲ့တိုင်ပင်ပြီးမှသောက်သင့်ပါတယ် ။ ကိုယ့်ဖာသာထင်ရာဆေးတွေသောက်ပြီးမှ ဆရာဝန်နဲ ပြသတာသာ ဆရာဝန်အနေနဲ ဒါဟာ့ရောဂါလက္ခာလား ဆေးရဲ့သက်ရောက်မှုလား စဉ်းစားရကျပ်စေပါတယ် ။


ကျောဘက်နာကျင်ခြင်း

ကျောက်ကပ်ကြောင့်ဖြစ်တဲ့နာကျင်မှုဟာနက်ရှိုင်းပြီး နံရိုးတွေရဲ့အောက်ကပ်ရပ်ဖက်မှာဖြစ်တတ်ပါတယ်။ ဒါပေမဲ့တခါတလေ ခါးအရှေ့ ဆီးစပ်နားတဝိုက်နဲ့ တင်ပါးမှာပါ နာကျင်တတ်ပါတယ်။ဒီနာကျင်မှုဟာ polycystic kidney disease လိုမျိုးအရေအိတ်ကလေးတွေ ကကျောက်ကပ်မှာဖြစ်တည်နေတဲ့ အတွက်ကြောင့်ပါ၊ ကျောက်ကပ်ကြောင့်ုဖစ်တဲ့ နောက်ကျောကနာကျင်မှုဟာ တခါနရံ ကိုယ်ပူကြီးခြင်း အော့အန်ခြင်းနဲ့ ဆီးခဏခဏ သွားခြင်းတို့နဲ့ပါ ပူးတွဲလာတတ်ပါတယ်။


ဒီလိုတွေတွဲမလာသေးဖူးဆိုရင်တော့ ကျောကပ်ကဟုတ်ပါတခြားအကြောင်းအရာတွေကြောင့်နာကျင်တာပါ ။ သူတို့ဟာနောက်ကျောမှာနေရာတိတိကျကျနာတတ်တယ် အဖျားမရှိတတ်ဖူး ရုတ်တရက်လဲ ဖြစ်တတ်ပါတယ် ။မကြာခဏ ခါးနာပြီး အထက်ကလိုလက္ခဏာတွေနဲ့ တွဲလာရင် သာမာန်အကိုက်အခဲပျောက်ဆေးနဲ့မသက်သာရင် တော့ ဒေါက်တာကိုကို တွေစီသွားဖို့အချိန်ရောက်ပါပြီ မိတ်တွေတို့..။


မျက်လုံးနားတဝိုက်ရောင်ရမ်းခြင်း(puffy eye)

မျက်လုံးနားတဝိုက်ရောင်ရမ်းခြင်း မို့ဖောင်းခြင်းဟာလဲ ကျောက်ကပ်ကျန်းမာရေး ရဲ့ရှေ့ပြေးလက္ခဏာများ တဲ့ကတစ်ခုပါပဲ ကျောက်ကပ်ရဲ့စစ်ကြောတဲ့ စနစ် filtration system ပျက်နေတဲ့အခါ protein အသားဓာတ်များကို ခန္ဒာကိုယ် ထဲကိုမျှဝေရမဲ့အစားဆီးထဲမှာပါဝင်သွားစေတတ်ပါတယ်ဒါဟာမျက်လုံးတဝိုက်မှာ ဖောင်းကြွရောင်ရမ်းခြင်း ကိုဖြစ်စေပါတယ် ။ အိပ်ရေးဝအောင်လဲအိပ်တယ် ငိုလဲငိုမထားပဲနဲ့ မျက်လုံးတစ်ဝိုက်ရောင်ရမ်းနေပြီဆိုရင်တော့ ကျောက်ကပ် ပဲလို့သတိထားလိုက်ပါတော့။


သွေးဖိအား(သွေးပေါင်)တက်နေခြင်း

သွေးလှည့်ပတ်အဖွဲ့အစည်း နဲ့ကျောက်ကပ်က ယင်နဲ့ယန်ဓာတ်လို့ တစ်ခုနဲ့တစ်ခုအမှီသဟဲပြုနေပြီးအပြန်အလှန်အကျိုးပြုနေတဲ့စနစ်နှစ်ခုပါပဲ။ ကျေုာက်ကပ်ထဲက nephron လိူ့ခေါ်ထဲအစိတ်အပိုင်းငယ်လေးတွေက အဆိပ်အတောက်တွေနဲ့အညစ်အကြေးတွေကိုသွေးကြောတွေထဲကနေ စစ်ထုတ်ပေးပါတယ်။သွေးကြောလေးတွေက ပျက်စီးနေတဲ့အခါ nephron လေးတွေက အောက်ဆီဂျင် နဲ့အာဟာရတွေကို လုံလောက်အောင်မရတော့ပါဖူး။ဒါကြောင့်သွေးဖိအားမြင့်ခြင်းဟာလဲ ကျောက် ပျက်စီးစေရတဲ့ အချက်အလက်တစ်ခုပါပဲ။ ဂေါ်ဖီထုပ် စလပ်ရွက်လိုအစိမ်းရောင်ရှိတဲ့စားစရာများ…ချည်သောအသီးအနှံများနဲ့အစေ့အဆံများ ဆန် အစရှိတဲ့folic acid ကြွယ်ဝတဲ့အစားအစာများကို ထည့်သွင်းစားသုံးပေးကြပါ။


ဆီးပေါက်တဲ့အချိန်အခါပုံစံပြောင်းသွားခြင်း

မိမိဆီးပေါက်တဲ့ ကြိမ်ရေ အနံ့ အရောင်နဲ့ သွင်ပြင်လက္ခဏာ သိသိသာသာကြီးပြောင်းလဲသွားရင် တော့ မပေါ့ပါနဲ့ အထူးသဖြင့် တော့ ညအခါမှာ ဆီးအလွန်သွားခြင်းပါပဲ ၃ကြိမ်အထက်ကနေဆယ်ကြိမ်လောက်အထိ သွားနေရရင်တော့မရေးကြီးပါပြီ ။နောက်တစ်ခုကတော့ ဆီးထဲသွေးပါတာပါပဲ ဟုတ်ပါတယ် ဆီးထဲမှာသွေးဟာပါစရာမဟုတ်ပါဖူး.. ။ ကျန်းမာတဲ့ကျောက်ကပ်ဟာ သွေးထဲကအညစ်အကြေးတွေကိုစစ်ထုတ်ပြိး ဆီးအဖြစ်စွန့်ထုတ်ပါတယ် ။


ဒါပေမဲ့စစ်ထုတ်တဲ့စနစ်က ပျက်ယွင်း နေပြီဆိုရင်တော့ သွေးဆဲလ်တွေဟာ ယိုစိမ့်ပြီးဆီးထဲပါလာတတ်ပါတယ် ။ နောက်ဆုံးကတော့ ဆီးထဲမှာလိုအပ်တာထက်ပိုပြီးအမြှုပ်ထနေတာပါပဲ နှစ်ခါသုံးခါ ရေဆွဲချ တာတောင်ဆီး အမြှုပ်ကကျန်နေသးတာ တို့ လိုမျိုးပါ ဒီအချက်ဟာ မလိုလားတဲ့ protein တွေ ဆီးထဲပါဝင်နေခြင်း ကိုပြနေတာပါ ။အထက်ကအချက်အလက်တွေ ရက်ရှည်ကြာဖြစ်နေပြီဆိုရင်တော့ မိတ်ဆွေတို့ အနီးဆုံးဆရာဝန်နဲ့ပြသဖို့လိုနေပြီနော့်…


ဒေါက်တာဖြိုးဇော်အောင်