ဟားခါးမြို့နယ် ဈေးသစ်ရပ်ကွက်အတွင်းမီးလောင်မှုကြောင့် ကလေးငယ် များပါသေဆုံး

ယနေ့ နံနက်ပိုင်းက ဟားခါးမြို့နယ် ဈေးသစ်ရပ်ကွက်အတွင်းမီးလောင်မှုကြောင့် ကလေးငယ် ၆ ဦး သေဆုံး



ယနေ့ နံနက်ပိုင်းက ဟားခါးမြို့နယ် ဈေးသစ်ရပ်ကွက်အတွင်းမီးလောင်မှုကြောင့် ကလေးငယ် ၆ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှတ်တမ်းများအရ သိရပါတယ်။



နံနက် ၆ နာရီ ၁၅ မိနစ်ခန့် တွင် ဟားခါးမြို့နယ် မီးသတ်စခန်း မှ ၂ မိုင်ခန့်အကွာ ဈေးသစ်ရပ်ကွက် တွင် လျှစ်စစ်ထမင်းပေါင်းအိုးတည်ထားခဲ့ရာမှ တစ်ဆင့် အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ဖော်ပြထားပါတယ်။
ယင်းမီးလောင်မှုကြောင့် မောင်ဆဲမွှာလ်၊ မပါရ်ထာလှေ၊ မဌန်ရွှေပါရ်၊ မောင်ဘွေးချစ်ထူး၊မငွန်ထလဲင် နှင့် မရိုသ်ဗန်နီနှဲမ် တို့ သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။



အဆိုပါ မီးလောင်မှုကြောင့် အိမ်ရှင် ဦးဟရန်ကျုံးအား ဟားခါးမြို့နယ် ရဲစခန်းမှ ပြစ်မှုအမှတ် (ပ)(၁၁/၂၀၂၀) ရာဇသတ်ကြီး ပုဒ်မ ၂၈၅/၃၀၄-က ဖြင့် အရေးယူထားတယ်လို့ ဖော်ပြထားပါတယ်။

Credit MyanmaPlatform