ထွက်ပေါ်နေတဲ့ အသံဖိုင်ကိစ္စအတွက် ယုန်လေး ပြန်ရှင်းပါပြီ

ပရိသတ်ကြီးရေ အဆိုတော်ယုန်လေးကတော့ သူလုပ်ခဲ့တဲ့ အမှားအတွက်ပြန်လည်တောင်းပန်စကားဆိုလိုက်ပြန်တာပဲ ဖြစ်ပါတယ်နော်။ သူ့ရဲ့ အမှားများဟာလည်း ပြည်သူလူထုတစ်ရပ်လုံး ခွင့်မလွှတ်နိုင်စရာကိစ္စဖြစ်နေတာကြောင့် လူမှုကွန်ယက်ပေါ်တွင် ပြင်းထန်စွာ ဝေဖန်ရှုံ့ချခြင်းတွေ ခံနေရတာလည်း ဖြစ်ပါတယ်နော်။ အသံဖိုင်က ကျွန်တော့် အသံပါဝန်ခံပါတယ်။



အသံဖိုင် က ကျွန်တော့် အသံပါ ဝန်ခံပါတယ် . ကျွန်တော် တောင်းပန်တယ် ဆိုတဲ့ စကားနဲ့ မလုံလောက်ဘူး . ဘယ်လို စကားလုံးမျိုးမှ မရှိဘူးဆိုတာ သိပါတယ် ခင်မျာ
ကျွန်တော့် သူငယ်ချင်း အရင်းတွေကြီးပဲ ရှိတဲ့ Group Chat မှာ . အားလုံး ထင်မြင်ချက်ကို ပြောကျတယ် .
ကျွန်တော့်ကို လည်း ပြောပါ ဆိုတဲ့ အတွက် လွတ်လွတ်လပ်လပ် ပြောပါဆိုတဲ့ အတွက် ကျွန်တော်ပြောမိလိုက်ပါတယ် .



အဲ့ထဲက တစ်ယောက်က လိုက်ဖြန့်လိုက်တာပါ .
မလုပ်သင့်ဘူး . အရှေ့က သီချင်းကိစ္စထဲက စာသားနဲ့ ပြည်သူတွေ ဝိုင်းမုန်းနေတဲ့ အချိန် ကျွန်တော့်ကို လူသတ်ကွင်းထဲ ထပ်ပိုလိုက်တာ အဲ့သူငယ်ချင်း မလုပ်သင့်ဘူးလိုထင်ပါတယ် .ကျွန်တော် အနူးအညွတ် တောင်းပန်ပါတယ်.တောင်းပန်လည်း ဘယ်သူ့မှ ခွင့်မလွတ်ဘူးဆိုတာ သိပါတယ် . အကြိမ်ကြိမ် လုပ် အကြိမ်ကြိမ်တောင်းပန်သလို ဖြစ်နေတာလဲ စိတ်ဓာတ် ပိုကျပါတယ် . ဂီတ သမားတွေကြီးပဲ Group ပရဟိတ Group တခြား နယ်ပယ် အစုံကGroup ပေါင်းများစွာကလည်း ကျွနတော့် သူငယ်ချင်းအရင်း တွေ ညီအစ်ကို မောင်နှစ်မ တွေ ရူံ့ချ ပြောဆိုပြီး Group တွေထဲ က ထုပ်ပြစ်ကျပါတယ် . ကျေနပ်စွာ ခံယူပါတယ် ခင်မျာ .



ကျွန်တော် အားလုံး ယုံကြည်ချက်ကို ဖျက်စီးတာ မဟုတ်ပါဘူး . နေ့လည်က ဝန်ထမ်း ညီမလေး တွေအလုပ်ထွက်တဲ့ File လေးတွေ နားထောင်မိတယ် .စိတ်မကောင်းဖြစ်မိတယ် . သူတို့လိုအပ်တာတွေ တက်နိုင်သလောက်ကူဖို့လည်း သူငယ်ချင်းတွေ နဲ့ လက်လှမ်းမှီသလောက်စီစဉ်နေချိန်ပါ . အလှူ နဲ့ မဖုံးပါဘူး . ဖုံးလို့လည်း မကေနပ်ဘူးဆိုတာ နားလည်ပါတယ် . အခု မှ ဒီ စကားပြောတာ မဟုတ်ပါဘူး . တကယ်ပါ . ကျွန်တော် လူစကား မပြောမိတဲ့ အတွက် အနူးညွတ်တောင်းပန်ပါတယ် .



အားလုံး တက်ကြွစွာ လှူပ်ရှားနေတဲ့ အချိန် မကြားချင်တဲ့ စကားကို ကျွန်တော့်ဘက်က ထွက်မိတဲ့ အတွက် အနူးညွတ်တောင်းပန်ပါတယ် . Live လွှင့်ကြည့်ပါတယ် . Line လုံးဝ မကောင်းလို့ပါ .ကျွန်တော့် Ph ကို ဆက်သမျှ လူတိုင်းကိုလည်း ဖုန်းကိုင်ပြီး တောင်းပန်နေပါတယ် ခင်မျာ
အနုပညာ ဆက်လုပ်လို့လည်း မရတော့ဘူးဆိုတာ ကျွန်တော် သိပါပြီ ခင်မျာ 🙏🙏🙏ကျွန်တော် ကံတော်တော်နိမ့်နေတယ်
🙏🙏🙏🙏🙏🙏🙏🙏🙏🙏


Credit Yone Lay