ဦးခေါင်းပွင့်ထွက်ပြီး သေတဲ့ ကလေးလေးက ဝေယံထွန်း အသက်က ၁၆ နှစ်။ သူ့မှာ ကိုယ်ပိုင်ရည်မှန်းချက်နဲ့….

ဦးခေါင်းပွင့်ထွက်ပြီး သေတဲ့ ကလေးလေးက ဝေယံထွန်း အသက်က ၁၆ နှစ်။ သူ့မှာ ကိုယ်ပိုင်ရည်မှန်းချက်နဲ့….

ခေါင်းပွင့်ထွက်ပြီးသေတဲ့ကလေးလေးက သူ့ဘဝမှာ ကိုယ်ပိုင်ဖုန်းလေးတစ်လုံးနဲ့ ဆိုင်ကယ်လေးတစ်စီးလောက် ရှိရင်ဆိုတဲ့ရည်မှန်းချက်နဲ့ ပိုက်ဆံရှာ… စုဗူးလေးနဲ့စုနေတာတဲ့။

မနေ့ကတော့ ၄၁ လမ်းစျေး အလုပ်လုပ်ဖို့သွားရင်း မထင်မှတ်ဘဲဆန္ဒပြပွဲနဲ့ကြုံ… နောက်တော့… ….. ….. ကလေးရဲ့မွေးစားအမေဆိုသူနဲ့ပဲတွေ့ခဲ့ရတယ်။

အန်တီကြီးခမျာ ကလေးအကြောင်းပြောပြနေရင်းနဲ့ ငိုလိုက်တာဆိုတာလေ…😢 ကလေးလေးက ဝေယံထွန်း။ အသက်က ၁၆ နှစ်။ မိဘနဲ့မနေဘဲ မန္တလေးတက်လာတာ။

 

ဖုန်းနဲ့ဆိုင်ကယ်လိုချင်လို့ စျေးမှာတွန်းလှည်းဆွဲတယ်။ စျေးထဲမှာတော့ ကောင်လေးလို့ ချစ်စနိုးခေါ်ကြတယ်တဲ့။ လိမ္မာတယ်။ ဘယ်သူနဲ့ဖြစ်ဖြစ် တည့်အောင်နေတတ်တဲ့ကလေးလေးတဲ့။

Photo – Ko Nanda
Credit – Khin Mon Zaw