မနေ့က ပစ်သတ်ခံလိုက်ရတဲ့ ရွှေပြည်သာ က ကင်းစောင့် ဦးလေးကြီးရဲ့ ၅ နှစ်အရွယ်သားလေး နဲ့ မိန်းမ

မနေ့ညက အပစ်ခံရပြီး ဆုံးသွားတဲ့ ကင်းစောင့် ဦးလေးရဲ့ သားလေးနဲ့ မိန်းဖြစ်ပါတယ်တဲ့

ရွှေပြည်သာ တ/၁၅ ရပ်ကွက်ထဲကင်းစောင့်နေတဲ့ ဦးလေးကြီးကို ကားနဲ့ပစ်ပြီး ထွက်ပြေးသွားတာတဲ့…

မျက်စိကနေ ဦးခေါင်းနောက်ထိ ကျည်ဆန်ထုတ်ချင်းပေါက်ပြီး သေ သွားပါပြီ။ ၃ ချက်တောင်အပစ်ခံလိုက်ရတာပါ။ မိုက်ရိုင်းလိုက်ကြတာ

အသက် ၅ နှစ်တောင် မပြည့်သေးတဲ့ ကလေးလေး..
ဒီမနက် သူ့အမေ Interview ဖြေနေရင်း ငိုနေလို့
ထွက်ကြည့်တာတဲ့….

အော် ရက်စက်လိုက်ကြတာ…ယုတ်မာလိုက်ကြတာ

ရွှေပြည်သာက ဦးလေးရဲ့အိတ်ကပ်ထဲမှာ မီးခြစ်နဲ့သရက်သီးစိတ်လေးတွေ့တယ်တဲ့….

သရက်သီးစိတ်တွေက ညဘက်ကင်းစောင့်ရင်း အိပ်ချင်ပြေအောင် ထည့်ထားတယ်ဆိုပဲ…..

Credit – Sa Htunlin Naing