Qwer Qwer

မင်းသမီးချောလေး မိုးယုစံကတော့့ အိမ်ထောင်ရှင် အမျိုးသမီးဖြစ်လို့နေပြီဆိုပေမယ့် သူမ မြတ်နိုးတဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေပြီး သူမရဲ့ မိသားစုလေးကိုလည်း သာယာအေးချမ်းဖွယ်ဖြစ်အောင် တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။



ပရိသတ်တွေကလည်း မိုးယုစံအပြင် မိုးယုစံရဲ့ ချစ်စရာကောင်းတဲ့ မိသားစုလေးကိုပါ ချစ်ပေးကြတာပဲ ဖြစ်ပါတယ်။အခုဆိုရင် သားကြီးကောင်းသိင်္ခမိုးသူအပြင် နောက်ထပ်သားလေးတစ်ယောက်ကိုပါ ပိုင်ဆိုင်ခွင့်ရရှိခဲ့ပြီဖြစ်တဲ့ မိုးယုစံက သူမရဲ့ ဒုတိယမြောက် ကိုယ်ဝန်ကို လွယ်ဆောင်ထားရတာပါ



ကိုယ်ဝန်လွယ်ထားရတဲ့ မေမေမိုးယုစံက မနေ့ကပဲ ရန်ကုန်မြို့ရှိ “Grand Hantha” ဆေးရုံကြီးမှာ ကလေးမွေးခဲ့တာ ဖြစ်ပါတယ် ။ မေမေမိုးယုကတော့ ချစ်စရာကောင်းတဲ့ သူမရဲ့သားရတနာလေးကို အခက်အခဲမရှိဘဲ အောင်အောင်မြင်မြင် မွေးဖွားနိုင်ခဲ့ပြီ ဖြစ်ပါတယ် ။ 



 မိုးယုစံက “သားငယ်လေး မာမီတို့ဘဝထဲရောက်လာပါပြီ ဒီနေ့ကတော့ (၂၂၂၂၂)နေ့ဆိုတော့ မှတ်မှတ်ရရပါပဲ ❤️ အားလုံးလည်း ဘေးအန္တရာယ်ကင်းဝေးကြပါစေ 🙏” ဆိုပြီး ပုံလေးတွေကို တင်ပေးထားတာ ဖြစ်ပါတယ် ။ 




(၂၂၂၂၂) နေ့မှာ မွေးဖွားခဲ့တဲ့ မိုးယုစံရဲ့ဒုတိယမြောက်သားလေး Kelvin ရဲ့ချစ်စရာပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။