ကျောကုန်းပေါ်မှာ ဆိုလာပြားနဲ့ သတ္ထုမျှဉ်တွေပါတဲ့ သိန်းငှက် ရုပ်သံ ထွက်လာပြီ

ကျောကုန်းပေါ်မှာ ဆိုလာပြားနဲ့ သတ္ထုမျှဉ်တွေပါတဲ့ သိန်းငှက် ရုပ်သံ ထွက်လာပြီ


စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် လိန်တောကျေးရွာအုပ်စု ဂုဏ်တန်ကျေးရွာ ကိုဝင်းဇော်ထွေး မှ ယနေ့ ၂၃.၂.၂၀၂၁ နံနက် ၁၀ နာရီက တွေ့ရှိရသော



သိန်းငှက် အား ရေဦးမြို့နယ် သစ်တော ဦးစီးဌာန သို့ လာရောက်အပ်နှံ ၍ ဂုဏ်ပြုဆုငွေ ၃၀၀၀၀ ကျပ် ‌ပြန်လည်ပေးအပ်ပါသည်။သိန်းငှက်သည် သေးငယ်သောမျိုးစိတ်ဖြစ်ပြီး အရွယ်အစားမှာခေါင်းမှ အမြီးဆုံးထိ ၁ ပေ ၆ လက်မအတောင်ပံ ဖြန့် အစအဆုံး ၂ ပေအမြင့် ( ခြေထောက်ထောက်လျှက် ) ၁ ပေသာရှိပါသည်။



သိန်းငှက်ကျောပေါ်၌ ၁ လက်မပတ်လည် ခန့်ရှိသော Solar ပြား နှင့် ချည်မျဉ်ကဲ့သို သတ္တူ Antenna နှင့် Microchip ပါရှိပါသည်။ခြေထောက်၌ သတ္တူကွင်းနှင့် ‌၄င်းအပေါ်၌ စာရေးထားပါသည်။ဆိုလာပြားအောက်‌ဘေး၌ HQXS တရုတ်စာများပါရှိ SN: SVNET 139 ဟု တစ်ဖက်ဘေး၌ ရေးထားပါသည်။



ငှက်၏ ပျံသန်းနုန်း ပျံသန်းအမြင့်ပေ ရာသီအလိုက်နေထိုင်သွားလာကျက်စား မှု အစရှိသည် ငှက်သဘာဝကို သုတေသနပြု လေ့လာ ခြင်း ဖြစ်နိုင်ပါသည်။သိန်းငှက်သည် ခြေထောက်နာနေပါသည်။ရေဦးမြို့နယ် သစ်တောဦးစီးဌာန ၌ ထိန်းသိမ်းထားရှိပြီး ပျောက်ကင်းအောင်ကုသ၍ အထက်မှ ညွန်ကြားချက်တိုင်း လုပ်ဆောင်သွားမည်ဟု သစ်တောဦစီးမှူး မှ ပြောပါသည်။23.2.2021 4.15 PM..credit