ပုဂံကကျိန်စာတိုက်တယ်ဆိုတော့ လာလာမေးကြတယ်။ ပုဂံ ကျိန်စာတွေက ဘယ်လိုလည်းတဲ့

ပုဂံကကျိန်စာတိုက်တယ်ဆိုတော့ လာလာမေးကြတယ်။ ပုဂံ ကျိန်စာတွေက ဘယ်လိုလည်းတဲ့။

ဗဟုသုတ အနေဖြင့် ဖော်ပြပေးလိုက်ပါတယ်။

ယခုဘ၀တွင် လျှာအလံတစ်ရာထွက်၍သေစေသတည်းတဲ့။ လျာကြီးက အရှည်တစ်လံနှစ်လံတောင် ဒုက္ခပဲဟာ အဲဒါ လျာထွက်ပြီးသေတာတောင် အလံတစ်ရာထွက်ပြီး သေမှာတဲ့။

နောက်တစ်ခုက ဝါဂွမ်းတစ်လှည်း မီးဖုတ်အကြွင်း မရစေတည်းတဲ့။ ဆားတစ်လှည်းရေနစ် အကြွင်းမရစေသတည်းတဲ့။

ဝါဂွမ်းလှည်းတစ်စီးလုံး မီးလောင်သွားမှတော့ ဘာကျန်တော့မှာတုန်း အဲသလို ရှိတဲ့စည်းစိမ်ဥစ္စာတွေဝါဂွမ်း မီးဖုတ်သလို ဘာမှ မကျန်တော့အောင် ဆုံးရှုံးပါစေတဲ့။

ဆား တင်လာတဲ့လှည်း ရေနစ်မှတော့ ဘာကျန်မှာတုန်း ဝါဂွမ်းလိုပဲပေါ့။

နောက်တစ်ခုက သံသရာအတွက်ပါ ကျိန်တာပဲ။ ငရဲ သစ်ငုတ် ဖြစ်စေသတေးတဲ့။ ငရဲမှာ သစ်ငုတ်ဖြစ်ပြီးနေတော့တာတဲ့ မကျွတ်တော့ ဘူးပေါ့။

ဘုရားအဆူဆူချွတ်၍ မကျွတ်စေသတည်းတဲ့။ ဘုရားအဆူဆူ ချွတ်လည်း မကျွတ်စေသတည်းပေါ့။ ငရဲကနေ မကျွတ်တော့ဘူးတဲ့။

ကမ္ဘာကြီးဟာ ပွက်ပွက်ဆူနေတဲ့ သံလိုက်ချော်ရည်တွေကို အပေါ်ကနေ မြေသားထုက ဖုန်းအုပ်ထားတယ်ဆိုတာက ကမ္ဘာ့ သိပ္ပံကျမ်းတွေက တွေ့ရှိချက်ဖြစ်ပြီး ကမ္ဘာပေါ်မှာ မှီတင်းနေထိုင်သူအားလုံးက လက်ခံထားပြီးဖြစ်တယ်။

ခေတ်မှီသိပ္ပံတွေရဲ့ အသိအတိုင်းကလည်း No Liquid No Life အရည်မရှိလျှင် ဇီ၀ဖြစ်စဉ်မရှိတဲ့ အရည်ရှိလျှင် ဇီ၀ဖြစ်စဉ်ရှိတယ်တဲ့။

ဒါဆိုရင် ပွက်ပွက်ဆူနေတဲ့ သံလိုက်ချော်ရည်ထဲမှာ ရှင်သန်ဖြစ်တည်နေတဲ့ ဇီ၀ဖြစ်စဉ်တွေက ဘယ်လိုငရဲ မျိုးလဲ။ ကျမယ့်သူတွေကိုယ်တိုင်သာ သိဖို့လိုပါလိမ့်မယ်။

အဲဒီသံလိုက်ချော်ရည်တွေထဲမှာ ကျနေမယ့် ငရဲကနေ ဘုရားအဆူဆူ ချွတ်လို့လည်း ကျွတ်တော့မှာ မဟုတ် တော့ပါဘူးတဲ့။

ယုံသလား မယုံဘူးလား တော့မမေးနဲ့ ဒါမျိုးတွေယုံပြီး ယတြာအခါပေးတဲ့ အတိုင်း လုပ်ကိုင်ဆောင်ရွက်နေသူတွေကြတော့ ယုံလည်းယုံသလို ထိလည်းထိရောက်လေ့ရှိပြီး ပိုလည်းကြောက်တတ်တယ်။

စွမ်းအင်တည်မြဲခြင်းနိယာမအရ လုပ်ရပ်တိုင်းမှာ အကျိုးသက်ရောက်မှုတစ်စုံတစ်ရာက ဖြစ်ပေါ်စမြဲပဲမို့ အကျိုးသက်ရောက်မှု​တွေ ရှိနိုင်တယ်လို့ သိရပါတယ်။

Credit – Myo Swe Than