
အဖမ်းခံထားရတဲ့ မိသားစုများရှိလျှင် ဒါလေးလုပ်ပေးပါ
အဖမ်းခံထားရတဲ့သူတွေရဲ့ မိသားစုကို ပြောပြချင်ပါတယ်။
အဖမ်းခံရသူ ဝတ်လေ့ရှိတဲ့ အဝတ်ကို ကိုယ့်ပခုံးပေါ်မှာ ပဝါလိုတင်ပြီး မောရသုတ် သူ့ရဲ့သက်စေ့ရွတ်ပေးပါ။
ဘုရားလောင်း ဥဒေါင်းမင်းဟာ အချုပ်အနှောင်ခံရစဥ်မှာသစ္စာဆိုပြီး လွတ်မြောက်ခဲ့တဲ့ သုတ္တံဖြစ်တဲ့အတွက် မိမိတို့လည်း သစ္စာဆို ဆုတောင်းပေးပါ။အခြားအစွမ်းထက်တဲ့ အဌာနမေတံ၊ သမ္ဗုဒ္ဓေ၊ မေတ္တာသုတ် စတာတွေလဲရွတ်ပေးလို့ရပါတယ်၊ မေတ္တာသုတ်ရွတ်ပြီးတဲ့အခါ မိမိကလေးနဲ့အတူ အကျဥ်းကျနေတဲ့အခြားသူများရော အကျဥ်းထောင်ကတာဝန်ရှိသူများရော၊ ရှေ့နေများကိုပါ အထူးမေတ္တာပွားပေးပါ။
သတင်းမကြားရသူများ၊ ဘယ်မှာချုပ်ထားမှန်းမသိသေးသူများ မုန့်လုံးရေပေါ် ဆယ်လုံးကို သတင်းစာစက္ကူ အောက်ကခံပြီး ဘုရားလှူပါ။ဆယ်ရက်ဆက်တိုက်လှူပေးပါ၊ သတင်းကြားပြီးလဲ လွတ်မြောက်ဖို့အတွက် ဆယ်ပေးပါကယ်ပေးပါဆိုပြီးဆုတောင်းပါ။အပြင်ကတကယ်လက်တွေ့လိုက်လုပ်ရတာတွေလဲလုပ်တာ အဓိကကျသလို အိမ်တွင်းက အမေ အမ အဒေါ် အဖွားစသည်က လုပ်ပေးလို့ရတာလေးတွေ ဝေမျှလိုက်ပါတယ်ရှင်
မြန်မာပြည်သူပြည်သားအားလုံး ကြိမ်မီးအုံးသလို ခံစားနေရတဲ့ သောကအပူတွေ အမြန်ငြိမ်းပါစေ။