Sniper သမားရဲ့ ပစ်မှတ်ကနေ လွတ်မြောက်ဖို့ ဘယ်လိုနည်းလမ်းနဲ့ ပြေးကြမလဲ

Sniperတွေက ပစ်မယ့်သားကောင်ရဲ့ ရှေ့တစ်လှမ်းကို အမြဲကြိုချိန်ရပါတယ်။

အဲ့အချိန်မှာ ပြေးသူအနေနဲ့ Telegraph Movementရဲ့ အသုံးဝင်ပုံကို သိထားရင် ပိုကောင်းပါတယ်။ တစ်ပုံချင်း ဖတ်ပါ။
Credit to original uploader

( ဓာတ်ပုံ ၁ / သေဆုံးနိုင် )

( ဓာတ်ပုံ ၁ / သေဆုံးနိုင် )

Sniperက ကိုယ့်နောက်ကနေ ပစ်တဲ့ ပုံစံပေါ့။ အဲ့အခြေအနေမှာ တည့်တည့်ပြေးရင် Sniperက ကိုယ်ရှေ့ဆက်ပြေးမယ့်နေရာကို ကြိုချိန်ထားပါတယ်။ ရောက်တာနဲ့ ပစ်ပါတယ်။ ဒါကြောင့် Headshotဆိုရင် တန်းနေအောင် ထိတာပါ။

( ဓာတ်ပုံ ၂ / ပစ်မှတ်ကနေ လွတ်မြောက်နိုင် )

( ဓာတ်ပုံ ၂ / ပစ်မှတ်ကနေ လွတ်မြောက်နိုင် )

တည့်တည့်ပြေးဘဲ ဒီလိုဘယ်ညာရိမ်းပြီး Telegraph Movementအတိုင်း ပြေးမယ်ဆိုရင် Sniperဘက်က ချိန်ရ အင်မတန်ခက်ပါတယ်။ အဲ့လိုပေးရင်လည်း ဘယ်ညာရိမ်းတဲ့ Angleကို ပုံသေအတိုင်း မပြေးဖို့ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်ဘေးကနေ ပစ်မယ့် Sniperလည်း အရန်သင့်ရှိနေနိုင်ပါတယ်။ Angleကို ၄၅ဒီဂရီပြေးလိုက် ၇၅ဒီဂရီပြေးလိုက် ၃၅ဒီဂရီပြေးလိုက်လုပ်ဖို့ လိုပါမယ်။ ဒါဆို ဘေးက ပစ်မယ့် Sniperရှိနေခဲ့ရင်တောင် ထိအောင်ပစ်ဖို့ အင်မတန်ခက်ခဲပါတယ်။

( ဓာတ်ပုံ ၃ / သေဆုံးနိုင် )

( ဓာတ်ပုံ ၃ / သေဆုံးနိုင် )

ဒါကတော့ တည့်တည့်ပြေးရင် ဘေးကနေ ချိန်ပြီး ပစ်မယ့် Sniperရဲ့ ပုံစံပါ။ Telegraph Movementမသုံးရင် အပစ်ခံရဖို့ များပါတယ်။

( ဓာတ်ပုံ ၄ / ပစ်မှတ်ကနေ လွတ်မြောက်နိုင် )

( ဓာတ်ပုံ ၄ / ပစ်မှတ်ကနေ လွတ်မြောက်နိုင် )

စောစောကပြောခဲ့တဲ့အတိုင်းပဲ တည့်တည့်ပြေးတာကိုမှ Telegraphingအပြင် ဒီဂရီအတိအကျမရှိပြေးတာမျိုးဆိုရင် ဘေးကချိန်တဲ့ Sniperလည်း ချိန်ရအင်မတန်ခက်ပါတယ်။ သူပစ်တဲ့အချိန်မှာ ကိုယ်က ရန်သူ့ပစ်မှတ်ကနေ လွတ်ပြီး ပစ်မှတ်ရဲ့ ရှေ့တောင် ရောက်နေနိုင်တယ်။

( ဓာတ်ပုံ ၅ / သေဆုံးနိုင် )

( ဓာတ်ပုံ ၅ / သေဆုံးနိုင် )

သတိထားရမယ့် အချက်ကတော့ ဒါပဲ။ Telegraphဆိုပြီး ဘယ်တစ်လှည့် ညာတစ်လှည့်နဲ့ ဒီဂရီကို Zigzag ပုံစံတကျ ပြေးတာမျိုးက Sniperကို ခန့်မှန်းရလွယ်စေပါတယ်။ ပုံစံတကျ မပြေးဖို့ လိုပါတယ်။ FYI

Telegraphလုပ်တာမှ သေတယ်ဆိုရင်တော့ သေကံကိုပါလို့ကို သေတာ။ Lucky Shotsလို့ပြောလို့ရတယ်။ ဘယ်Sniperမှ Telegraph Movementကို မခန့်မှန်းနိုင်ဘူး။