
ပရိတ်သတ်ချစ်ခင် နှစ်သက်မှူကို အပြည့်အဝ ရထားတဲ့ သရုပ်ဆောင် စမိုင်းလ်တို့ မိသားစုဟာ ပြင်းထန်တဲ့ ဝေဖန်မှုတွေကို ခံနေရပါတယ်။
Facebook အကောင့်တစ်ခုက အခြေအမြစ်မရှိတဲ့ သတင်းတစ်ခုဟာ မျှဝေမှုတွေ များလာခဲ့တဲ့အတွက် ဂုဏ်သိက္ခာပိုင်းဆိုင်ရာအရ ထိခိုက်မှုတွေ ရှိလာနိုင်လို့ စမိုင်းလ် ကတော့ အခုလို ဖြေရှင်းလိုက်ပါတယ်။
” အခုလိုလူတိုင်းစိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်နေတဲ့အချိန် လက်နက်သွင်းတယ် ဆေးရောင်းတယ်ဆိုပြီးကြုံတုန်းအပုပ်ချဖို့ကြိုးစားနေတဲ့သူတွေကို အံ့လည်းအံ့ဩမိပါတယ်။
သေနတ်ဆိုလို့သရက်သီးသနပ်ပဲရှိတယ်နော်။ သူတစ်ပါးကိုသေစေနိုင်တဲ့လက်နက်နဲ့ဆေးရောင်းပြီးချမ်းသာလာတဲ့အပူစာတွေစားမိရင် စားသမျှအဆိပ်သင့်ပြီးသေပါစေကျိန်ရဲပါတယ်
လူတွေအပေါ်အတတ်နိုင်ဆုံးကူညီနေတာတောင် ချမ်းသာလို့အမြင်ကတ်တဲ့သူတွေရှိနေတာတော့လည်း… ဟင်း
သိပ်သိနေရင်လည်းပြပါလားသက်သေ ခုလိုစာလေးရေးပြီးမနာလိုတာတွေဖုံးမရဖိမရဖြစ်နေတဲ့လူတွေရဲ့စိတ်ဓါတ်ကတော့ကြောက်စရာတော်တော်ကောင်းနေပြီ။
ကိုယ့်ကိုတောင်ဘယ်တော့လာခေါ်မလဲဆိုပြီးကြောက်နေရတဲ့ဘဝမှာ အချင်ချင်းသွေးခွဲစေမဲ့စာတွေကိုမယုံကြပါနဲ့ရှင်”
ဆိုပြီး စမိုင်းလ် က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ရေးသားထားပြီး ဖြေရှင်းထားပါတယ်။
Photos – MC / Amazing Grace / Original