မိန်းကလေးတွေ ဒီရက်ပိုင်း အထူးသတိထားကြပါ

မိန်းကလေးတွေ သတိထားကြပါ။ ဒီထဲက ဖုန်းက အိမ်ကအဖေဖုန်းကိုခေါ်​ပြီး နင်တယောက်တည်းလား နင်ရေချိုးနေတဲ့ video ကို ရိုက်ထားတယ် နင်ငါချိန်းတဲ့နေရာကို လာမှာလား ဆိုပြီး စိတ္တဇအသံကြီးနဲ့ ဖုန်းခေါ်တာ

အဖေက ယီးမို့ငါလာပြောနေတာလားဆိုပြီး ဆဲလွှတ်လိုက်တာ ပီးတော့ ဘာတွေရှုပ်ထားတာလဲဆိုပီး ငယ်တို့ကိုဆူတော့
ငယ်တို့ ပြန်ဆက်ကြည့်တော့လဲ

အဲ့တိုင်း ကြောက်စရာအသံကြီးနဲ့ နင့်ဘေးမှာဘယ်သူရှိလဲ တယောက်တည်းလား စကားအေးဆေးပြောလို့ရလား

နင်ရေချိုးနေတဲ့ video ငါ့မှာ ရှိတယ် ငါချိန်းတဲ့နေရာကိုလာမှာလား ပိုက်ဆံပေးမှာလားဆိုပြီး အသံကိုကြောက်စရာကောင်းအောင် ဖြည်းဖြည်းချင်းပြောတာ

အဲ့ဒါနဲ့ အေး ရှိရင် ပို့လိုက် ငါကိုယ်တိုင် ပြန်တင်ပေးမယ်လို့ ပြောတော့ ငါချိန်းတဲ့နေရာကို လာပါဆိုပီး ထပ်ပြောတယ် မွှန်နေအောင်ဆဲတော့ဖုန်းချသွားတယ်ရူးနေတာလား မသိဘူးး

အဖေကတော့ ဒေါသတွေထွက်ပီး ငယ်တို့ကို ဆူရော နှမဘေး လုပ်တာ

သတိထားကြပါ ဒီကာလမှာပိုက်ဆံညှစ်တဲ့ကောင်တွေ
ထောင်ခါထားလို့ ငွေရှာစားနေတဲ့ မ ဒိန်း ကောင်တွေရော အဆိုးပေါင်းစုံပဲ သွားတာလာတာ ဂရုစိုက်ကြပါ

ငါတို့ညီအမ ကတော့ နှစ်ညအိပ်သုံးရက်လောက် ဆူခံနေရပီ

Credit – Thet Htar Nyo