၁၅ နှစ်တောင် မပြည့်သေးတဲ့ သမီးလေး မဇူးဝင့်ဝါ ရဲ့ နောက်ဆုံးရေးသွားတဲ့ စာလေး

သမီးသေသွားခဲ့ရင်သမီးကိုမကယ်ပါနှင့်သမီးကိုထားပြီး နိုင်အောင်ကြိုးစားကြပါ။ ဒီတိုက်ပွဲအောင်ရင်သေပျော်ပါပြီ” တဲ့။

မဇူးဝင့်ဝါ – အသက် (၁၅) နှစ်မပြည့်သေးသူသမီးလေး။ သမီးရဲ့ဆန္ဒပြည့်ဝစေရပါမယ်။ မနိုင်မရှိနိုင်အောင်ကိုတိုက်မှာပါ။

အခြေခံလူတန်းစားဟာခေတ်ပြောင်းတော်လှန်ရေးတိုင်းမှာ အဓိကပါဝင်သူအာဇာနည်တွေဖြစ်တယ်။ အခြေခံလူတန်းစားရဲ့ဘဝပြောင်းလဲဖို့ ကိုယ်တတ်နိုင်တဲ့ဘက်ကအမြဲလုပ်တယ်။

ဒီလိုကလေးတွေကိုမြင်တော့ သူတို့ရဲ့စွန့်လွှတ်အနစ်နာခံမှုတွေကြောင့် သူတို့အတွက်ပိုပြီးလုပ်ပေးဖို့ဆုံးဖြတ်ထားတယ်။

Rest in power ပါကလေးရေ! မဇူးဝင့်ဝါက ၇ လပိုင်းမှ ၁၅ နှစ်ပြည့်မှာပါ ရှေ့မှာ ၃ ကြိမ် ဖမ်းခံထိပြီးပြီး ၂ ခါ ကငယ်သေးလို့ခံဝန်နဲ့ပြန်လွတ်ထားသူ နောက်ဆုံးအခေါက်က ငါ့ကိုသတ်ချင်အသေသတ် မနှိပ်စက်နဲ့ပြောလို့ အရိုက်ခံထားရတဲ့ ဒဏ်ရာနဲ့ အင်းစိန်က အိမ်ပြန်ရောက်တာ ၃ ရက်ပဲရှိသေးတယ် ကျတာပါ။

အသက်ရှင်စဉ် အမှိုက်သိမ်းတဲ့ ဒန်ဆိုင်မှာ နေ့စားနဲ့ အမှိုက်ရွေးပြီး သမီးအကြီးဆုံး broken family မှာအဖေနဲ့ အောက်ကအငယ် ၃ ယောက်ကိုလုပ်ကျွေးနေသူပါ။

သူ့အဖေနဲ့အမေကွဲတာ ၆ နှစ်ရှိပြီး အခုကြော်ငြာထားပေမယ့်အမေကမပေါ်လာသေးပါဘူး။ စိတ်ဓါတ်အတော်ပြင်းထန်သူပါ။

စိတ်ဓါတ်ပြင်းထန်တဲ့သမီးကို လိုက်ဆွဲရင်းမျက်ရည်ယိုပုံးထိလို့ ရေလိုက်ရှာတာ တစ်ယောက်ကျကြားလို့လိုက်ကြည့်မှ သမီးဖြစ်နေလို့ ကျနော့်သမီး ကျနော့်သမီးဆိုပြီးကားပေါ်ပြေးတက်လိုက်တာ လမ်းမှာဆုံးကြောင်း ငိုယိုပြောပြနေတဲ့ ဖခင်ကြီး။

အခန်းလေးတခန်းမှာ အိမ်လုပ်နေတာမြင်တဲ့အတိုင်း အိမ်ကအဲ့ အကျယ်ပါပဲ။ အရွယ်ရောက်လာမယ့်သမီးတွေကိုစဉ်းစားပေးဖို့ အမကြီး အမိရာ သမီးကို စိတ်ချစေဖို့ နေစရာဝယ်ပါတိုက်တွန်းခဲ့ပါတယ်။

ဆင်းရဲသူတွေရဲ့နှလုံးသားပိုကြီးပါတယ်။ ပြန်လှူမယ်ဆိုတာကြီးပဲ

Credit – Richard Myo Thant