မြန်မာနိုင်ငံက Gen Z လေး နိုင်ငံခြားက တက္ကသိုလ်ကို အွန်လိုင်းက တက်ရင်း ဖြစ်ကြောင်းကုန်စင် ရှင်းပြလိုက်တဲ့အခါ

စီနီယာတစ်ယောက်ရဲ့သမီးလေး။ နိုင်ငံခြားတက္ကသိုလ်တစ်ခုကို အွန်လိုင်းကတက်နေတာ။

စာသင်နေရင်း သူ့အလှည့်ရောက်လို့ မိုက်ကရိုဖုံးဖွင့်တော့ သေနတ်သံတွေ အသံဗုံးတွေဆူညံနေတာကို ဆရာရော ကျောင်းသားတွေပါကြားသွားတယ်။

ဆရာက ဘာဖြစ်တာလဲမေးတော့ နဂိုကတည်းကပြောပြချင်နေတဲ့ အကျိုးအကြောင်းဖြစ်ကြောင်းကုန်စင်ပြောပြခွင့်ရလိုက်သတဲ့။

ကျောင်းက ချက်ချင်း ဆရာတစ်ယောက်ကို သူ့အတွက်သီးသန့်တာဝန်ပေးပြီး အကူအညီပေးဖို့လုပ်ပါတယ်။

ကမ္ဘာအနှံ့ကကျောင်းသားသုံးရာကျော်က ဒီကလေးမလေးအဆင်ပြေမယ့်အချိန်ကို စာသင်ချိန်တညီတညွတ်ထဲရွှေ့ပေးကြတယ်။

အင်တာနက်ရမယ့်အချိန်ရယ် လမ်းပေါ်ထွက်နေတဲ့ Gen Z လေးမို့ သူပြန်ရောက်မယ့်အချိန်ရယ်တိုက်ဆိုင်ပြီးမှ စာသင်ကြပါသတဲ့။

မြန်မာပြည်သူတွေအတွက်လည်း စုပေါင်းကူညီဖို့ပြင်နေကြပါပြီတဲ့။ ဝိုင်းဝန်းလည်းဆုတောင်းပေးနေကြပါတယ်တဲ့။

ကမ္ဘာကြီးက လှပပါတယ်။ တရားမျှတမှုဘက်ခြမ်းမှာ မေတ္တာထွန်းကားပါတယ်။

Credit – Myo Sithu Aung