ထွန်းထွန်းအောင် အသက်က ၁၄နှစ်

ထွန်းထွန်းအောင် အသက်က၁၄ နှစ်။ အမေဖြစ်သူသာရှိပြီး အဖေမရှိတော့ဘူး။ မန္တလေးက ကျူးတဲလေးမှာနေရတဲ့မိသားစုလေးပါ

အခင်းဖြစ်ချိန်မှာ ရပ်ကွက်က သူထက်ကြီးတဲ့ လူငယ်လေးတွေ ထွက်ပြီးတိုက်တဲ့ အချိန်မှာ “အကိုတို့ကျနော်လည်း လိုက်ချင်တယ်” လို့ဆိုတဲ့အချိန် အမေဖြစ်သူက သားရယ်ဂွတောင် မပစ်တတ်ပဲ ဘာလိုက်လုပ်မှာလည်းနေခဲ့ ဆိုတော့ မျက်နှာလေးကအလိုမကျဖြစ်သွားသေးတယ်။

အဲ့ဒီလိုနဲ့ အမေဖြစ်သူက ငါ့သားရေ သံရေအိုးစဉ် လေးအိမ်ထဲထည့်ပေးအုံးဆိုတော့ ရေအိုးစဉ်လေး ကိုကိုင်ပြီး (ကျူးအိမ်အိုလေး)ရဲ့ တခါးကိုအဖွင့် မှာတင် ကျည်ဆံက ရင်ဝကို ထိုးချင်းဖောက်လို့ ဝါးထရံထိလွှင့်စင်အားနှင့် အပစ်ခံရပြီး ခွေလဲကျသွားရှာတာပါ

ကျူးတဲအိမ်လေးဟာ လမ်းအဆုံးလမ်းလယ်လေး မှာ တည်ဆောက်ထားတာဆိုတော့ ကလေးဟာ ပစ်မှတ်ဖြစ်ခဲ့ ရရှာတယ် ။

အမေဖြစ်သူခင်ဗျာ အရူးကြီးတစ်ယောက်လို သူကြောင့်သူ့သားလေး သေရပါတယ်ဆိုပြီး တတ်မတတ်ချက်မတတ်ငို နေရသလို သားရဲ့နာရေးအတွက်လည်း ရတတ် မအေးဖြစ်နေရရှာတယ် ။

အဲ့နေရာကို ရောက်တဲ့သူတိုင်း မထိန်းနိုင်တဲ့မျက်ရည်ကျမိမှာ အမှန်ပဲ စိတ်မကောင်းလိုက်တာ ခလေးရယ်

Ye Zaw Htun