အင်းစိန်ထောင်မှာ ရောက်ရှိနေတဲ့ သရုပ်ဆောင်လူမင်းရဲ့ နောက်ဆုံးရ အခြေအနေ

ကို လူမင်း အင်းစိန်ထောင်မှာ ရှိပါတယ်တဲ့။ အစက တိုက်မှာထားပေမယ့် အခု အဆောင်မှာပါ … တဲ့။

တိုက်မှာထားတယ်ဆိုတာ တိုက်ပိတ်တာ မဟုတ်ဘူးနော်။

တိုက်ဆိုတာ တခန်းစီ ထားတဲ့ တန်းလျားလေး၊ အဆောင်ဆိုတာ ဟောခန်းကြီးလို လူအများကြီးစုနေတာ။

ကို မင်းထင်၊ ကိုကိုကြီး၊ မင်းသွေးသစ်၊ ကိုမြအေး၊ ကိုသာချို၊ မသန်းမြင့်အောင်၊ စောဖိုးခွား တို့လည်း အင်းစိန်ထောင်မှာပဲတဲ့။

ကိုရဲမင်းဦးလည်း နံရိုးတွေကျိုးအောင် နှိပ်စက်ခံရကြောင်းသတင်းထွက်ခဲ့ပေမဲ့ ခုတော့ ထောင်ရိပ်သာမှာ သက်သာပါတယ်တဲ့။

Credit – သွန်းနေစိုး