
လူရွှင်တော် သရုပ်ဆောင် ဦးကျော်ထူးဟာ ပရိတ်သတ်တွေ အားပေးနှစ်သက်တဲ့ အနုပညာရှင် တစ်ဦးဖြစ်ပါတယ်။
ဦးကျော်ထူးဟာ နွေဦးတော်လှန်ရေး လှုပ်ရှားမှု မှာ ပါဝင်လှုပ်ရှားနေတာ ဖြစ်ပါတယ်။
တကယ်လို့များ နွေဦးတော်လှန်ရေး မှာ ကျဆုံးခဲ့ရင် သေတမ်းစာအဖြစ်နဲ့ ဇနီးဖြစ်သူထံ အခုလိုပဲ ရေးသားထားပါတယ်။
” {မှာတမ်း} အကယ်၍များပေါ့ နွေဦးတော်လှန်ရေးမှာအခွင့်မသာလို့ ပြေးလွှားပုန်းအောင်းရင်းနဲ့ ကွယ်လွန်ကျဆုံးသွားရင် ပရိတ်သတ်ကိုပျော်ရွှင်စေခဲ့တဲ့ ကျနော်ဘဝခရီးအစ {တောင်ရှည်} ကဆိုသလို လူရွှင်တော်တောင်ရှည်ဝတ်စုံလေးကို မျိုးဆက်သစ် လူငယ်လေးတွေကို လက်ဆင့်ကမ်းလိုက်ပါ အိမ်သူသက်ထားထူးသခင်ရေ……..” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။
ပရိတ်သတ်တွေကို ပျော်ရွှင်ရယ်မော စေတဲ့ ဦးကျော်ထူးတစ်ယောက် အန္တရာယ်ကင်းဖို့ ဆုတောင်းပေးကြပါအုံးနော်။