မြန်မာ့ နွေဦးတော်လှန်ရေး သစ်တောလေး

တော်လှန်ရေးကြီးပြီးဆုံးသွားတဲ့အခါ…. သတ်မှတ်ထားတဲ့ နေရာလေးတစ်ခု အေးဆေးသာယာလှပြီး ဆိတ်ငြိမ်တဲ့ ခြံကျယ်ကျယ်လေးမှာ ကျဆုံးသွားတဲ့ အာဇာနည်တစ်ဦးတစ်ယောက်ချင်းစီတိုင်းအတွက် အပင်လေးတစ်ပင်စီစိုက်မယ်

သစ်ပင်လေးတွေအောက်မှာ သူတို့ ဓာတ်ပုံလေးတွေနာမည်လေးတွေနဲ့အတူ ကမ္မည်းထိုးမယ် သူတို့ရဲ့ Biographyလေး အကျဉ်းချုပ်ကို ရေးထားပေးမယ်

သူတို့ရဲ့ မိတ်ဆွေ သူငယ်ချင်းမိသားစုတွေ အလွမ်းပြေ သစ်ပင်မှာ စာရေးပြီး ကပ်ထားလို့ရအောင် stickerလေးတွေ ထားပေးမယ် Community forestပုံစံလေး Developဖြစ်အောင် သေသေချာချာလေးလုပ်နိုင်ရင် ကမ္ဘာ့ရာဇဝင်တင်တဲ့ နွေဦးတော်လှန်ရေး သစ်တောလေးအဖြစ်ကျန်ခဲ့မှာ

Revolution Forest လို့နာမည်ပေးမယ် တောအုပ်လေးရဲ့ အဝင်ဝမှာ လက်၃ချောင်းထောင်ထားတဲ့ ရုပ်တုကြီးထားထားမယ် ဆန္ဒပြနေတဲ့ လူငယ်လေးတွေရဲ့ရုပ်ထုလည်းထားမယ်

Uniformနဲ့ လူငယ်လေးတွေရဲ့ ရုပ်ထုမှာ မပါမဖြစ်ကတော့ ဆရာဝန်၊ သူနာပြု ၊အင်ဂျင်နီယာ၊ Banker၊ ကျောင်းဆရာဆရာမတွေ မီးရထားဝန်ထမ်းတွေနဲ့ Generation Zလေးတွေပါပဲ…. Forest တဝိုက်မှာ …ရေပန်းလေးတွေထည့်မယ်

ရေကန်ကြီးတစ်ကန် သို့မဟုတ် စမ်းချောင်းလေးတော့ ထည့်စေချင်တယ် ရေကန် သို့မဟုတ် စမ်းချောင်းရဲ့အပေါ်မှာတော့ လိပ်ခုံးတံတားလေး တစ်စီးဆောက်ချင်တယ်

ကြာပန်းလေးတွေစိုက်မယ် လူသွားလမ်းတစ်လျှောက်မှာတော့ ရောင်စုံပန်းလေးတွေ အနံ့မွှေးတဲ့ပန်းလေးတွေ ဝေနေအောင် စိုက်မယ်

ပြခန်းလေးတစ်ခု ခမ်းခမ်းနားနား လုပ်ပြီး တော်လှန်ရေးတုန်းက ရင်ထဲထိခဲ့ရတဲ့ ငိုကြွေးခဲ့ရတဲ့ အမှတ်တရ ပုံလေးတွေ ဓာတ်ပုံလက်ရာ ပန်းချီလက်ရာ ကဗျာစာပေ Video နွေဦးတော်လှန်ရေးသီချင်းတွေ စသဖြင့် Englishလိုရော မြန်မာလိုရော စနစ်တကျစုစည်းပြီး ခင်းကျင်းပြစေချင်တယ်

Revolution Forestထဲမှာ မောလာရင် နားဖို့နေရာ စားဖို့နေရာလေးတွေလည်း ဖန်တီးပေးချင်တယ် အနားယူမယ့်နေရာမှာတော့ သံပုံးတီးနေတဲ့ မိသားစုပုံလေးကို ရုပ်တုလေးလုပ်ပြီး ထည့်ချင်ပါတယ်

ပြီးတော့…စားသောက်ဆိုင်လေးတွေ Coffee ဆိုင်လေးတွေဖြစ်ဖြစ် ဒေသထွက်ကုန်တွေ အမှတ်တရလက်ဆောင်ရောင်းတဲ့ဆိုင်လေးတွေဖြစ်ဖြစ်လုပ်ပေးပြီး ကျဆုံးသွားတဲ့ အာဇာနည်တွေရဲ့မိသားစုဝင်တွေကို အလုပ်ခန့်ပြီး ဝင်ငွေလေးရအောင်လုပ်ပေးနိုင်ရင်တော့ အတိုင်းထက်အလွန်ပေါ့

ဝင်ကြေးလေးကို သာမန်လူတန်းစားကအစ ဝင်လို့နိုင်အောင် ၁၅၀၀လောက်ပဲသတ်မှတ်ပြီး ရလာတဲ့ဝင်ငွေတွေနဲ့ ငွေပဒေသာပင်စိုက်ထူ အာဇာနည်တွေရဲ့မိသားစုဝင်တွေကို လစဉ်ထောက်ပံ့ပေးတာမျိုး ပိုတဲ့ငွေနဲ့ သစ်တောကို အမြဲစိမ်းစိုနေဖို့ ထိန်းသိမ်းခ သဘောမျိုးလုပ်ထားလိုက်ရင် အရမ်းကောင်းမှာပဲ

Travels and Tours company တွေနဲ့ ချိတ်ဆက်ပြီး နိုင်ငံခြားသားတွေ လာအောင် National Trademark အဖြစ် ဖန်တီးနိုင်ခဲ့ရင်….. Tourist attractionအတွက် နေရာတစ်နေရာလည်းရ ကျဆုံးသူတွေအတွက် အမှတ်တရနေရာတစ်ခုလည်းဖြစ် နိုင်ငံခြားဝင်ငွေလည်းရ ကျန်ခဲ့တဲ့မိသားစုကိုလည်းထောက်ပံ့ပြီးသားဖြစ်သလို တစ်ချိန်ကျရင် ဖေဖေတို့ငယ်ငယ်တုန်းက ဒီလိုတော်လှန်ခဲ့တာလေဆိုပြီး ကလေးတွေကိုပြဖို့ ပြယုဂ်လေးတစ်ခုလည်းဖြစ်သွားတာပေါ့…

စိတ်ကူးလေးနဲ့တင် နွေဦးတော်လှန်ရေး သစ်တောလေးဟာ အသက်ဝင်လို့နေလေရဲ့

Credit – Aung Naing Thu
Photo – Original