ဒီလိုအရမ်းခက်ခဲတဲ့ကာလမှာ ဗုဒ္ဓဘာသာ ကိုရင်ငယ်လေးတွေရဲ့ လေးစားစရာလုပ်ဆောင်ချက်

မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတွေကတော့ ယနေ့အချိန်အထိတိုင်အောင် သူတို့ရဲ့ရင်တွင်းဆန္ဒတွေကို နည်းလမ်းမျိုးစုံနဲ့ ဖော်ထုတ်ပြသနေကြတာပဲ ဖြစ်ပါတယ် ။

လူထုလှုပ်ရှားမှုတွေကလည်း ဆက်လက်အားကောင်းနေဆဲဖြစ်ပြီး ပြည်သူတွေကလည်း ဇွဲမလျှော့ဘဲ ကြိုးစားနေကြတာ ဖြစ်ပါတယ် ။ တစ်ဖက်မှာဆိုရင်လည်း ပြည်သူတွေက စားဝတ်နေရေး၊အလုပ်အကိုင်တွေနဲ့ပတ်သက်ပြီး အဆင်မပြေမှုတွေကို ကြုံတွေ့နေရတာ ဖြစ်ပါတယ် ။

တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီရင်းနဲ့ ရှေ့ဆက်နေကြတဲ့ ပြည်သူတွေကတော့ မရှိတဲ့သူကို ရှိတဲ့သူက တတ်နိုင်သလောက် အားဖြည့်ပေးနေရတာပဲ ဖြစ်ပါတယ် ။

အခုလည်း ပြည်သူတစ်ယောက်က သူကိုယ်တိုင်ကြုံတွေ့ရတဲ့ အဖြစ်အပျက်တစ်ခုကို ပြောပြထားတာ ဖြစ်ပါတယ် ။

ဒီဖြစ်ရပ်ကတော့ စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေကို ကိုရင်ငယ်လေးတွေက ထမင်း၊ဟင်းတွေ လိုက်ဝေပေးခဲ့တဲ့ အကြောင်းပဲ ဖြစ်ပါတယ် ။

ဘုန်းကြီးကျောင်းတစ်ကျောင်းက ကိုရင်ငယ်လေးတွေကတော့ လက်တွန်းလှည်းပေါ်မှာ ထမင်း၊ဟင်းတွေတင်ပြီး ရပ်ကွက်ထဲက ပြည်သူတွေအတွက် ဝေငှပေးခဲ့တာ ဖြစ်ပါတယ် ။

ပြည်သူတွေကလည်း ကိုရင်ငယ်လေးတွေ လာလှူတဲ့ ထမင်း၊ဟင်းတွေကို အိတ်လေးတွေကိုယ်စီနဲ့ ထွက်ယူခဲ့ကြတာ ဖြစ်ပါတယ် ။

အဆင်ပြေတဲ့အိမ်တွေက လောင်းလှူလိုက်တဲ့ဆွမ်းကို အဆင်မပြေတဲ့ပြည်သူတွေအတွက် ပြန်လှူပေးခဲ့တဲ့ ကိုရင်ငယ်လေးတွေရဲ့လုပ်ရပ်ကတော့ သာဓုခေါ်ချင်စရာကောင်းလှတာပဲ ဖြစ်ပါတယ် ။

Credit မူရင်း