
သေခါနီးလူတစ်ယောက်သည် နောက်ဆုံးထွက်သက်၌ အကြားအာရုံ ကြားစိတ်သည် နောက်ဆုံးဖြစ်ပါ၏။
သေခါနီး လူတစ်ယောက်သည် ကျန်သည့် အာရုံတွေချုပ်ဆုံးပြီး အကြားအာရုံဘဲ နောက် ဆုံးကျန်ခဲ့ပါ၏။
သေခါနီးလူတစ်ယောက်သည် အခြားသူတွေက အနားကနေ ကြည့်နေကြတဲ့အခါ၌ အသက်လည်း မရှူတော့ပေ။
နှလုံးလည်း မခုန်တော့ပေ။လက်ကောက်ဝတ်၌ သွေးစမ်းကြည့်တောသွေးလည်းမတိုးတော့ပေ။
ယင်းအချိန် ၌အများအားဖြင့် နောက်ဆုံးထွက်သက်၏အဖော်ဖြစ်သည့် ကြားစိတ်ရှိနေပါသေး၏။ သေခါနီးလူတစ်ယောက်အခြားအာရုံတွေချုပ်သွားသော်လည်း အခြားသူတွေကသေပြီဟု ယူဆထားသည့် အချိန်၌ ကြားစိတ်က မချုပ်သေးပေ။
ကြားစိတ်ဟာ အချိန်အားဖြင့်အများဆုံး မိနစ် ၂ဝခန့်ထိရှိနေတတ်ပေ၏။ မိနစ် ၁၀ အောက်၊ ၁၀ မိနစ်၊ ၅မိနစ် အမျိုးမျိုးဖြစ်နိုင်သည်ဟုဆိုလိုပါ၏ လူနာရှင်တွေဟာ ဒီကိစ္စကိုသိထားရမည့် အရေးကြီးကိစ္စဖြစ်ပေ၏။
အသက်ထွက်ခါနီးမှာ အလွန်အရေးပါတယ်။ဘဝ၏နောက် ဆုံးအချိန်တွေကို ဖြတ်သန်းရတာ အလွန်ကြောက်စရာကောင်း လှပါ၏။
တစ်ချက်ကလေး အာရုံလွဲလိုက်တာနှင့်အပါယ် ကျသွားလျှင်ဘွာတေးလုပ်၍မရတော့ပေ အကု သိုလ် အစွဲအလန်းတွေနှင့် သေခါနီး အသက်မထွက် ၊ ဝိညာဉ်မချုပ်နိုင်ဘဲ ဆန့်ငင်ဆန့်ငင်ပုဂ္ဂိုလ်တွေကို တွေ့ဖူးကြပါလိမ့်မည်။
အချို့ ကြတော့လည်း အကုသိုလ်စေတနာ၊ ကုသိုလျစတေနာ ကြီးမားစွာမရှိ၊ ဝိပဿနာဉာဏ်တရား အခြေခံကလည်းမရှိတော့ သူရဲ့ကံက သူ့ကိုဘယ်ပို့ရမှန်း မသိဘဲ စိတ်ကဟိုရောက်လိုက်ဒီရောက်လိုက်နဲ့ ကြာနေတတ်ပါ၏။
ဒါကိုဘေးကလူတွေက သားကိုစောင့်နေသလိုလိုသမီးကို စောင့်နေသလိုလို ထင်နေတတ်ကြ၏။
မျှော်နေသူကရောက် လာတော့ အမလေး ရောက်လာပြီလေ ထကြည့်ပါဦး ဘေးကများ ကုန်းအော်လိုက်ရင် အသက်ထွက်သေမည့် လူကအပါယ်ငရဲအိုးတိုက်ရိုက်ပါဘဲ။
လောဘနှင့်သေပြိတ္တာပြည်။ ဒေါသနှင့်သေ ငရဲ မောဟနှင့်သေ တိရစ္ဆာန်ပြည်။တောင် အောက်ကို ကျခါနီးလူကို ဆောင့်ကန်ချသလို ဖြစ်သွားမယ်။
သေခါနီး၌ဖက်ငိုသည့်သူတွေဟာလည်း သေသည့်သူကို အယူမှားစေ၏။
ကျေးဇူးတော်ရှင်ဆရာတော် ပညိန္ဒ
Photo – Original