ဒီကနေ့ အဆိုတော်အစ္စဏီ အကျဥ်းထောင်မှ လွတ်မြောက်လာကြောင်း သိရ

“အဆိုတော် အစ္စဏီ April ၁ ရက်နေ့တွင် လွတ်မြောက်လာပီ”

အဆိုတော် အစ္စဏီက ရည်စားဟောင်း စူးရှထက်(ခ)မဇာခြည်ဌေးကို အဓမ္မ နှစ်ကြိမ် ပြုကျင့်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိအောင် ပြုလုပ်ခဲ့တဲ့အတွက်

ရာဇသတ်ကြီးပုဒ်မ ၃၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၂၅၊ရ ရာဇသတ်ကြီးပုဒ်မ ၃၇၆(မုဒိမ်းမှု/တုံးသော လက်နက်နဲ့ ပြင်းထန်နာကျင်စေမှု၊ ချွန်သောလက်နက်ဖြင့် သာမန်နာကျင်စေမှုတို့နဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

အဆိုတော် အစ္စဏီ ပြန်လည်လွတ်မြောက်လာပြီ ဖြစ်ကြောင်းကို အစ္စဏီအမေနှင့် အစ္စဏီကိုယ်တိုင်ဖုန်းဆက်ပါကြောင်းနှင့်
ဘဝကိုအသစ် ပြန်စပါလို့မှာလိုက်ကြောင်း ဂစ်တာမှူး နိုင်ဇော်က လှုမှု ကွန်ယက်စာမျက်နှာတွင် ဖော်ပြခဲ့ပါသည်။”

Credit – 8Day/DVB
Photo – Original