ရည်းစားဟောင်း ဓာတ်ပုံကို အကြာဆုံးကြည့်နိုင်တဲ့ သူကို ဆုတံဆိပ်ပေးအပ်ခဲ့တဲ့ ပြိုင်ပွဲ

အင်ဒိုနီးရှား နိုင်ငံရဲ့ လွပ်လပ်ရေး အထိမ်းအမှတ် နေ့မှာ လူငယ်တစ်စုက ပုံမှန်မဟုတ်တဲ့ ပြိုင်ပွဲတစ်ခုကို ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။

Magelang ဆိုတဲ့ မြို့တစ်မြို့ရဲ့ အနီးက ရွာလေး တစ်ရွာမှာ လူငယ်တွေဟာ သူတို့ရဲ့ ရည်းစားဟောင်းတွေရဲ့ ဓာတ်ပုံတွေကို အကြာဆုံးကြည့်ရမယ့် ပြိုင်ပွဲတစ်ခုကို ကျင်းပခဲ့ကြပါတယ်။

လူငယ်လေးတွေကို မေးကြည့်တဲ့အခါမှာတော့ သူတို့ဟာ ပျော်ရွှင်ချင်တဲ့ ရည်ရွယ်ချက်ဖြင့် ဒီပြိုင်ပွဲကို ကျင်းပခဲ့တာ ဖြစ်ကြောင်း၊ ကိုဗစ်ရောဂါ ဖြစ်ပွားနေတဲ့အတွက် တခြားသော ကစားနည်းတွေ ကျင်းပခွင့်မရှိသဖြင့် အပျော်သဘော ဆင်နွဲ ခဲ့ကြတာ ဖြစ်ကြောင်း ပြောပါတယ်။

ဒီပြိုင်ပွဲကို ကျင်းပတဲ့ အချိန်မှာ လူအများစုက စိတ်ဝင်တစား ဖြစ်ခဲ့ကြပြီး ပထမ ဆုရှိတဲ့သူကိုလည်း ဆုတံဆိပ် ချီးမြင့်ခဲ့ပါတယ်။

Shwe Yaung Myanmar ( Writer – WPO )