ရုပ်ရှင်သရုပ်ဆောင် ရဲတိုက် ဖမ်းစီးခံရကြောင်း သိရ

ပြီးခဲ့တဲ့ ဧပြီလ ၃ ရက်နေ့ ညပိုင်းမှာ မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံ မှာ ဖမ်းစီးရမိခဲ့တယ်လို့ သတင်းရရှိပါတယ်။

သရုပ်ဆောင် ရဲတိုက်ကို ဆိုင်ကယ်တစ်စီး နှင့်အတူ မူးယစ်ဆေးဝါး အချို့နဲ့ တွေ့ရှိခဲ့​ရပြီး ဘုရင့်နှောင် ရဲစခန်းက မူးယစ်ဆေး ပုဒ်မ တစ်ခုဖြင့် တရားစွဲဆိုထားကြောင်း သိရပါတယ်။

သရုပ်ဆောင်ရဲတိုက်ဟာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅ (က) ဖြင့် ဝရမ်းထုတ်ထားတဲ့ အနုပညာရှင် စာရင်းထဲမှာလည်း ပါဝင်နေသူ တစ်ဦးဖြစ်ပါတယ်။

Shwe Yaung Myanmar ( Writer – WPO )
Photo – Original