ဟာသသရုပ်ဆောင် လူရွှင်တော် ဇာဂနာ ဖမ်းဆီးခံရပြီ

ဟာသသရုပ်ဆောင် လူရွှင်တော် ဇာဂနာ ဖမ်းဆီးခံရပြီ

ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်ထားတဲ့ အနုပညာရှင် စာရင်းထဲမှာ ဟာသသရုပ်ဆောင် ဇာဂနာ တစ်ယောက်ပါဝင်ခြင်း မရှိပေမယ့် ဖမ်းဆီးခံလိုက်ရပြီလို့ သိရပါတယ်။

ဒီကနေ့ ဧပြီလ ၆ ရက်နေ့ မနက်အစောပိုင်းမှာ သရုပ်ဆောင် ဇာဂနာကို စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ပါတယ်။

သရုပ်ဆောင် ဇာနာရဲ့ နေအိမ် ဖြစ်တဲ့ ၁၆၆ လမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့ ကို စစ်ကား ၂ စီးဖြင့် ရောက်ရှိလာပြီး ခေါ်ဆောင်သွားခဲ့တာပါ။

ဟာသသရုပ်ဆောင် ငှက်ပြောကြော် က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ “ဇာဂနာပါသွားပီ…..” လို့ ရေးသား အသိပေးထားပါသေးတယ်။

Shwe Yaung Myanmar ( Writer – WPO )