
ဆန္ဒပြတဲ့ အနုပညာရှင်တွေထဲမှာ တက်တက်ကြွကြွနဲ့ ရှေ့ဆုံးကနေ ပါဝင်ခဲ့တဲ့ သရုပ်ဆောင် ပိုင်တံခွန်ဟာ ဒီကနေ့ ၈ ရက်နေ့ မနက်ပိုင်း မှာ ဖမ်းဆီးခံလိုက်ရတယ်လို့ စိတ်မကောင်းစွာ သိရပါတယ်။
မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်ဟာ စစ်တပ်က ထုတ်ပြန်ထားတဲ့ ဆန္ဒပြသူ အနုပညာရှင် စာရင်းထဲမှာ ပါဝင်နေတာ ဖြစ်ပြီး ဒီမနက် ၄ နာရီမှာ မြောက်ဒဂုံ မှာ ရှိတဲ့ အမဖြစ်သူရဲ့ နေအိမ်မှာ စစ်ကား ၈ စီးဖြင့် ခေါ်ဆောင်သွားပါတယ်။
” မနက် ၄ နာရီလောက် စစ်ကား ၈ စီးနဲ့ လာတယ်၊ ဘယ်လိုမှ ပြေးလို့လည်း မရဘူး၊ ပိုင်တံခွန်ကလည်း တအားကြီးကို နေမကောင်းဖြစ်နေတာ ထလို့ကို မရတာ၊
အခုသူတို့တွဲပြီး ခေါ်သွားတယ်၊ Speak out များများလေး လုပ်ပေးပါနော်၊ လူသိများမှ အဆင်ပြေမှာ မို့လို့၊ သူ့ကို ဘာမှ မလုပ်အောင်လို့လေ၊ သူ့ကို တစ်ခုခု လုပ်မှာ ကြောက်လို့ပါ။ ကူညီပါအုံး။
မနက် ၄ နာရီခွဲ အိမ်နေတဲ့ အချိန်ကြီးလေ၊ ဘယ်ပြေးရမှန်းလည်း ပိုင်တံခွန် က အရမ်းအားနည်းနေတာ မတ်တပ်ကို မရပ်နိုင်ဘူး၊ ဖြစ်နိုင်ရင် အိမ်ကို ဝိုင်းလာကြပြီး အမေ့ကို အားပေးကြပါအုံး။ အမေ အရမ်းငိုပြီး သတိလစ်သလို ဖြစ်ဖြစ်နေလို့၊ တစ်အိမ်လုံးတော့ ဒီနေ့ ငါတို့အတွက် အဆင်မပြေဘူး။
သူနဲ့ သိနဲ့ အနုပညာရှင်တွေလည်း များများဖြန့်ပေးကြပါ။ speak out များများလုပ်မှ သူ့ကို ကိုယ်ထိလက်ရောက် ဘာမှ မလုပ်နိုင်မှာ၊ လုပ်လိုက်မှာစိုးလို့လေ။” ဆိုပြီး မျက်ရည်တွေ နဲ့ ဖြေကြားထားပါတယ်။
ပိုင်တံခွန်ရဲ့ ပရိတ်သတ်တွေ လည်း အရမ်းကို စိတ်မကောင်း ဖြစ်နေကြပြီး ပိုင်တံခွန်အတွက် စိတ်ပူနေကြပါတယ်။ ဝိုင်းပြီး ဆုတောင်းပေးနေကြတာလည်း ဖြစ်ပါတယ်။
Shwe Yaung Myanmar ( Writer – WPO )
Video – Lucas Dewar
Photo – Original