သရုပ်ဆောင် ပြေတီဦး နှင့် အိန္ဒြာကျော်ဇင်ကို ဖမ်းမိသွားပြီဖြစ်ကြောင်း ထုတ်ပြန်

နိုင်ငံကျော် အကယ်ဒမီ အနုပညာရှင် နှစ်ဦးဖြစ်တဲ့ ပြေတီဦး နှင့် အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံ ၂ ဦးကို ပုဒ်မ ၅၀၅ (က) ဖြင့်တရားစွဲဆို ခံခဲ့တာ ဖြစ်ပါတယ်။

ပြေတီဦး နှင့် အိန္ဒြာကျော်ဇင်တို့ နှစ်ဦးကို ဒီနေ့ ဧပြီလ ၉ ရက်နေ့ တွင် ဖမ်းစီးရမိသွားပြီ ဖြစ်ကြောင်း MRTV ကနေ ကြေငြာသွားတာ ဖြစ်ပါတယ်။

သူတို့ နှစ်ဦးဟာ အခြားသော ဆန္ဒပြ အနုပညာရှင်တွေနည်းတူ ထွက်ပြေးတိမ်းရှောင် ခဲ့ပေမယ့် သူတို့နေထိုင်ရာ ဗဟန်းမြို့နယ် နေအိမ်မှာ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရတယ်လို့ စိတ်မကောင်းစွာနဲ့ သိရှိရပါတယ်။

ယခုရက်ပိုင်း ဖမ်းစီး ထိမ်းသိန်းခြင်းကို ခံခဲ့ရတဲ့ နာမည်ကြီး အနုပညာရှင်များစွာ ထဲမှာ လူမင်း၊ ဇာဂနာ၊ ပိုင်တံခွန်၊ ရဲတိုက် တို့လည်း ပါဝင်နေတာ ဖြစ်ပါတယ်။

Shwe Yaung Myanmar ( Writer – WPO )
Photo – Original