အဆိုတော် အောင်ထက် အပါအဝင် နောက်ထပ် ဝရမ်းထုတ်လိုက်တဲ့ အနုပညာရှင် နှင့် လူပုဂ္ဂိုလ် စာရင်းအယောက် (၂၀)

ဒီရက်ပိုင်းအတွင်းမှာ ပြည်သူချစ်တဲ့ အနုပညာရှင်များစွာဟာ ဖမ်းဆီးခံရခြင်း၊ ဝရမ်းထုတ်ခြင်းခံရခြင်းတွေ အဆက်မပြတ် ဖြစ်ပေါ်နေတာ ကြောင့် ပရိတ်သတ်တွေက စိတ်မကောင်းဖြစ်နေကြပြီး ဆုတောင်းပေးနေကြပါတယ်။

MRTV က ထုတ်ပြန်ခဲ့တဲ့ ပုဒ်မ ၅၀၅(က) ဝရမ်းစာရင်းမှာ အောင်မြင်နေတဲ့ အနုပညာရှင်တွေ ပါဝင်နေတာကို တွေ့ရပါတယ်။

ဒီနေ့ ဧပြီလ ၁၂ ရက်နေ့ ထပ်မံ ထုတ်ပြန်လိုက်တဲ့ အနုပညာရှင် နှင့် လူပုဂ္ဂိုလ် ၂၀ စာရင်းမှာ အဆိုတော် အောင်ထက် ( အိပ်မက်ဆုံရာ ) နှင့် ဂစ်တာ နိုင်ဇော် တို့လည်း ပါဝင်နေပါတယ်။

တကယ့်နာမည်ကျော် အနုပညာရှင်တွေဖြစ်တဲ့ သရုပ်ဆောင် မအေးသောင်း (အေးဝတ်ရည်သောင်း) အပါအဝင် အနုပညာရှင်များစွာလည်း ဝရမ်းထုတ်ခံထားရတာ ဖြစ်လို့ ထွက်ပြေးတိမ်းရှောင် နေရတာဖြစ်ပါတယ်။

 

Shwe Yaung Myanmar ( Writer – WPO )
Photo – Original