မအေးသောင်း နေအိမ်ကို ရဲနှင့်စစ်သားများ ဝင်ရောက်ရှာဖွေ

မြရည်နန္ဒာအိမ်ရာမှာ ရဲနဲ့ စစ်တပ်က ပြည်သူ့အချစ်တော် မအေးသောင်းကို ဝင်ရောက်ရှာဖွေ




မန္တလေး မြရည်နန္ဒာအိမ်ရာမှာ ရဲနဲ့ စစ်တပ်က ယနေ့မနက်ပိုင်းမှာပဲ ပြည်သူ့အချစ်တော် မအေးသောင်းကို ဝင်ရောက်ရှာဖွေခဲ့တယ်လို့ သိရပါတယ်




စစ်တပ်နဲ့ရဲတပ်ဖွဲ့က အိမ်ရာအတွင်း နေထိုင်သူ အရပ်သား ၄ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားပေမယ့် သရုပ်ဆောင် အေးဝတ်ရည်သောင်းကို ဖမ်းမိသွားလား ဆိုတာကိုတော့ အသေးစိတ်မသိရှိရသေးပါဘူး။


မအေးသောင်း မန္တလေးက ဆန္ဒပြပွဲတွေမှာ တက်ကြွ စွာပါဝင်ခဲ့တာအပြင် CDM လှုပ်ရှားမှုတွေကို ထိရောက်စွာထောက်ပံ့ခဲ့တာကြောင့် ပုဒ်မ ၅၀၅ က နဲ့တရားစွဲဆိုထားခြင်းခံထားရတာဖြစ်ပါတယ် ယမန်နေ့ကလည်း အလားတူ ပုဒ်မ ၅၀၅ နဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် ခင်ဝင့်ဝါကိုစမ်းချောင်းကွန်ဒိုမှာ ဝင်ရောက်စီးနင်းရှာဖွေခဲ့ပေမယ့် ဖမ်းဆီးရမိခြင်းမရှိဘူးလို့ သိရပါတယ်



ဓာတ်ပုံ – CJ