ရေငုပ်သင်္ဘော ပျောက်ဆုံးမှု နဲ့ ပတ်သတ်ပြီး အင်ဒိုနီးရှား သမ္မတကြီးရဲ့ လေးစားစရာ လုပ်ရပ်တစ်ခု

ပြီးခဲ့တဲ့ ရက်ပိုင်း အင်ဒိုနီးရှား နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရေငုပ်သင်္ဘော ပျောက်ဆုံးမှုဟာ ကမ္ဘာတစ်ဝှမ်းက သတင်း စာမျက်နှာတွေမှာ စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။

လေ့ကျင့်မှုတွေ ပြုလုပ်နေတဲ့ အချိန်အတွင်း လုံးဝ အဆက်အသွယ်မရ ဖြစ်ပြီး ပျောက်ဆုံးသွားတဲ့ KRI Nanggala 402 ရေငုပ်သင်္ဘော ကို ပယ်လယ်ရေအောက် မီတာ ပေါင်း ၈၄၀ မှာ ပြန်လည် ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ပြန်လည်တွေ့ရှိရတဲ့ အချိန်မှာတော့ ရေငုပ်သင်္ဘော ထဲမှာ ပါသွားတဲ့ ဝန်ထမ်းပေါင်း ၅၃ ဦးလုံးဟာ အသက်မရှိကြတော့ဘူးလို့ သိရပါတယ်။

အဆိုပါ ဖြစ်ရပ်နဲ့ ပတ်သတ်လို့ အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုဟာ များစွာ စိတ်မကောင်းဖြစ်ခဲ့ပြီး ၊ ရေငုပ်သင်္ဘော ထဲမှာ သေဆုံးခဲ့တဲ့ စစ်မှုဝန်ထမ်းတွေရဲ့ မိသားစု ဝင်တွေကို နေထိုင်စရာ အိမ်အသစ်တွေ ဆောက်လုပ်ပေးမယ်လို့ ပြောဆိုလိုက်ပါတယ်။

ဆန္ဒရှိတဲ့ နေရာမှာ နေထိုင်ဖို့ အတွက် အိမ်အသစ်တွေ ဆောက်ပေးမယ် ဆိုတဲ့ သမ္မတကြီးရဲ့ နှစ်သိမ့်အားပေး မှုတွေကြောင့် ကျန်ရစ်သူမိသားစုတွေဟာ ဝမ်းနည်းဝမ်းသာ ဖြစ်ခဲ့ရပါတယ်။

ဒါ့အပြင် ရေငုပ်သင်္ဘော ထဲမှာ ကွယ်လွန်ခဲ့တဲ့ ဝန်ထမ်းတွေရဲ့ ကျန်ရစ်သူ ကလေးတွေ ကို ပညာရေးဆုံးခန်းတိုင်သည် အထိ ငွေကြေးထောက်ပံ့ပေးမယ်လို့ သမ္မတကြီးက ကတိပေးလိုက်ပါသေးတယ်။

ဒီလို တာဝန်ယူတတ်တဲ့ အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒို ကို ပြည်သူတွေက ချီးမွန်းစကား ပြောဆိုနေကြပါတယ်။

Shwe Yaung Myanmar ( Writer – WPO )
Photo – Original